Microsoft မှ မူပိုင်ဖန်တီးပြုလုပ်ထားသည့် Android launcher တစ်ခုဖြစ်သော Arrow Launcher ၏ ဗားရှင်း updateသစ်ထွက်ရှိကြောင်းသိရပြီး၊ ဗားရှင်း 3.0 တွင် Microsoft အနေဖြင့် အံ့အားသင့်ဖွယ် အမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ချို့ထည့်သွင်းထားပြီး အသုံးပြုသူများအတွက်အကောင်းဆုံး launcher များအနက်တစ်ခုဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီပိုင် mobile OS သည် ရပ်တည်နိုင်ရန်ခက်ခက်ခဲခဲကြိုးပမ်းနေရသော်လည်း ၄င်း၏ launcher မှာမူ အသုံးဝင်သော app တစ်ခုဖြစ်ကာ လှပသောပုံစံဒီဇိုင်းရှိကြောင်း သိရသည်။

ယခုဗားရှင်းသစ်တွင် ဘထရီစားသုံးမှု ၁၅ ရာခိုင်နှုန်းလျှော့ချထားခြင်း၊ memory နေရာယူမှု ၂၀ ရာခိုင်နှုန်းလျှော့ချပေးထားခြင်းနှင့် ယခင်ဗားရှင်းများထက် ၁၀ ရာခိုင် နှုန်းပိုမိုမြန်ဆန်မှုရှိလာခြင်းစသည့် စွမ်းဆောင်ရည်များပိုမိုကောင်းမွန်လာခဲ့ကြောင်း Microsoft က ပြောကြားခဲ့သည်။ ယခုအခါ ဗားရှင်း 3.1 ထပ်မံထွက်ပေါ်လာခဲ့ပြီး Android tablet များကို အထောက်အပံ့ပေးသည့်အချက်နှင့် apps များအတွက် မိုးကုတ်စက်ဝိုင်းအခင်းအကျင်းအသစ်တို့အပါအ၀င် အပြောင်းအလဲကြီးကြီးမားမားများ ပြုလုပ်ထားကြောင်း သိရသည်။

၎င်းကိုအသုံးပြုပြီး အသုံးပြုသူအနေဖြင့် အချက်အလက်များကို backup နှင့် restore ပြုလုပ်ခြင်းများ ဆောင်ရွက် နိုင်မည်ဟုဆိုသည်။ သို့သော် ၄င်းတွင် Bing မှ အရည်အသွေးမြင့် wallpaper တစ်ချို့မပါဝင်ကြောင်း သိရသည်။ နောက်ဆုံး ဗားရှင်းကို Play Store မှ download ရယူနိုင်ကြောင်းနှင့် နဂိုတပ်ဆင်အသုံးပြုလျှက်ရှိသူများအနေဖြင့်လည်း update ပြုလုပ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။