Fortune Magazine မှ နှစ်စဉ်ဖော်ပြပေးနေကျ အလုပ်သမားများအတွက် အလုပ်လုပ်ရန် အကောင်းဆုံးထိပ်တန်းကုမ္ပဏီ (၁၀၀) စာရင်း၏ ထိပ်ဆုံးနေရာတွင် နာမည်ကြီးအင်တာနက်ကုမ္ပဏီ Google ကပင် (၆) နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်းသိရှိရသည်။ ယင်းစာရင်းရလဒ်အရ Google ကုမ္ပဏီသည် (၁၁) နှစ် တာကာလအတွင်း (၈) ကြိမ်မြောက် ထိပ်ဆုံးနေရာ၌ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများအားစစ်တမ်းကောက် ယူမှုအရ Google ၀န်ထမ်းများ၏ (၉၈) ရာခိုင်နှုန်းသည် ကြီးကျယ်ခမ်းနားသောအခြေအနေတွင် အလုပ်လုပ်ကိုင်နေရသည်ဟုဆိုကြပြီး (၉၇) ရာခိုင်နှုန်းက ၄င်းတို့ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များမှာ ကြီးကျယ်သောစိမ်ခေါ်မှုများဖြစ် သည်ဟုဆိုကြသည်။

အလုပ်သမား (၉၇) ရာခိုင်နှုန်းက ၄င်းတို့အနေဖြင့် ထူးခြားလှသည့်အကျိုးရလဒ်ထူးများခံစားရသည်ဟုဆိုကြပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View ဒေသတွင် တည်ရှိသည့် အမေရိကန်ဒေါ်လာ (၇၄) ဘီလီယံတန်ဖိုးရှိယင်းကုမ္ပဏီသည် ကလေးထိန်းဝန်ဆောင်မှု၊ အခမဲ့ဆံသ၀န်ဆောင်မှု၊ လျှော်ဖွပ်ဝန်ဆောင်မှုအပြင် အရည်အသွေးကောင်းမွန်မြင့်မားသည့် အစားအသောက်များကိုလည်း ၀န်ထမ်းများအတွက် စီစဉ်ပေးလျက်ရှိသည့် ကုမ္ပဏီကြီးဖြစ်သည်။ အလုပ်တစ်ဖက်ဖြင့် မိခင်များသည် အခြားအလုပ်သမားများထက် ကုမ္ပဏီများမှ ထွက်နိုင်ခြေပိုမိုများပြားသည့်အတွက် မိခင်များနှင့်သက်ဆိုင်သည့် မူဝါဒစည်းမျဉ်းများကို မကြာသေးမီကမှ Google က ပြန်လည်သုံးသပ် ခဲ့ပြီးမိခင်များခွင့်ယူရန်အတွက် (၅၀) ရာခိုင်နှုန်းထိရက်ရောစွာထပ်မံခွင့်ပြုပေးခဲ့ကြောင်းလည်းအံ့သြဖွယ် သိရှိရသည်။