Microsoftကုမ္ပဏီသည် Intel  ၏ သတ္တမမြောက်မျိုးဆက် Core i3၊ i5 နှင့် i7 (Kaby Lake)၊ AMD ၏ Ryzen (Bristol Ridge) နှင့် Qualcomm ၏ 8996ပရိုဆက်ဆာများအသုံးထားသည့် Windows 7 နှင့် 8 updatesများကိုပိတ်ဆို့ ထားခဲ့ကြောင်းနှင့် အကယ်၍ Microsoftထံမှ updateများကိုရယူလိုပါလျှင် အဆိုပါပရိုဆက်ဆာများအသုံးပြုထားသောကိရိယာများကိုWindows 10သို့ အဆင့်မြှင့်တင်အသုံးပြုရမည်ဖြစ် ကြောင်းသိရသည်။ အသုံးပြုသူအနေဖြင့် အကယ်၍ Windows Updateကိုမောင်းနှင်ခဲ့မည်ဆိုလျှင် ၀င်းဒိုးစနစ် သည် updateအသစ်များထံသို့မရောက်ရှိနိုင်ဟုအဓိပ္ပါယ်ရသောerror messageတစ်ခုနှင့် Code 80240037 ၀င်းဒိုးစနစ် Update ပြုလုပ်ရာတွင် အမည်မသိပြဿနာနှင့် ရင်ဆိုင်တွေ့ရသည်ဟူသောစာသားများကို မြင်တွေ့ရမည်ဖြစ်ကြောင်းသိရသည်။

ဆီလီကွန်မျိုးဆက်သစ်များကိုမိတ်ဆက်နေသည့်အတွက် ၄င်းတို့သည် အထောက်အပံ့ရယူနိုင်ရန် နောက်ဆုံးပေါ် ၀င်းဒိုးပလက်ဖေါင်းဖြစ်ဖို့လိုအပ်ကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့် ၀င်းဒိုး နှင့် ဆီလီကွန်တို့အကြားတွင် တစ်ဖက်၌ ယခင်မျိုးဆက်သစ်ပလက်ဖေါင်းနှင့် ဆီလီကွန်တို့ကိုယုံကြည်စိတ်ချနိုင်စွမ်းရှိအောင်၊ လိုက်လျောညီထွေရှိအောင် ထိန်းသိမ်းနိုင်စေသလိုတစ်ဖက်တွင် ၄င်းတို့နှစ်ခုအကြားနက်နက်ရှိုင်းရှိုင်းပေါင်းစည်းနိုင်ဖို့ အဓိကထားဆောင်ရွက်နိုင်စေပါသည်ဟုအဆိုပါကိစ္စနှင့်ပတ်သက်သည့် မေးမြန်းချက်ကိုပြောရေးဆိုခွင့်ရှိသူတစ်ဦးကဖြေကြားခဲ့ကြောင်းသိရသည်။

ကုမ္ပဏီအနေဖြင့် တတ်နိုင်သမျှ ဆီလီကွန်ချစ်ပ်သစ်များပေါ်တွင် ၀င်းဒိုးကိုမောင်းနှင်ရန် အလိုရှိကြောင်း၊ အဆိုပါလုပ်ဆောင်ချက်ကိုWindows 10စနစ်တွင်ဆောင်ရွက်နိုင်ကြောင်းအဘယ်ကြောင့်ဆိုသော် ၄င်းသည် ကုမ္ပဏီ၏လက်ရှိထုတ်ကုန်တစ်ခုဖြစ်ကာအဆိုပါပရိုဆက်ဆာများဖြင့် မောင်းနှင်ထားသည့် အသစ်လွင်ဆုံးတည်ဆောက်ထားသောကွန်ပြူတာများတွင် တပ်ဆင်ထားသည့်အတွက်ဖြစ်သည်ကိုလက်သင့်ခံပါကြောင်း၊ သို့သော်တစ်ဖက်တွင် ၂၀၂၀ ခုနှစ်အထိတိုးချဲ့ပြီးအထောက်အပံ့ပေးအပ်မည်ဟု တရားဝင်ကြေ ညာထားခဲ့သည့် Windows 7 နှင့် ၂၀၂၃ ခုနှစ်အထိအထောက်အပံ့ရရှိမည့် Windows 8တို့အတွက် အဘယ်ကြောင့် ဆက်လက်အထောက်အပံ့မပေးသည်မှာမေးခွန်းထုတ်ဖွယ်ဖြစ်နေကြောင်းသိရသည်။