LG G6 ကို ထုတ်ဖေါ်ပြသခဲ့ပြီးနောက် တစ်လအကြာတွင် အသုံးပြုသူလိုသူအနေဖြင့် Verizon၊ AT&T နှင့် Best Buy တို့မှတဆင့် မှာကြားဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ Verizon မှ ၀ယ်ယူလူလိုသူများသည် ၂၄ လအတွက် တစ်လလျှင် ၂၈ ဒေါ်လာဖြင့်လည်းကောင်း သို့မဟုတ် တစ်ခါတည်း ၆၇၂ ဒေါ်လာဖြင့်လည်းကောင်း ကြိုတင်မှာကြားဝယ်ယူနိုင်မည်ဟုသိရသည်။ Ice Platinum နှင့် အမည်းရောင်လက်ကိုင်ဖုန်းနှစ်မျိုးစလုံးကို 32GB ဗားရှင်း ဖြင့်ဝယ်ယူရရှိမည်ဟုဆိုသည်။ မတ်လ ၃၀ ရက်တွင် မှာကြားထားသူများထံ Verizon မှ အရောက်ပေးပို့ပေးသွားမည်ဟု ဆိုသည်။

AT&T မှ G6 မှာကြားဝယ်ယူသူများအနေဖြင့် ဈေးနှုနှ်းအနည်းငယ်ကြီးမြင့်မည်ဖြစ်ပြီး၊ AT&T Next ဖေါက်သည်များအတွက် လပေါင်း ၃၀ ကျော်အတွက် တစ်လလျှင် ၂၄ ဒေါ်လာဖြင့်လည်ကောင်း AT&T Next တွင် နှစ်စဉ်မှတ်ပုံတင်သူများအတွက် ၂၄ လအတွက် တစ်လလျှင် ၃၀ ဒေါ်လာဖြင့်လည်းကောင်း၊ သို့မဟုတ် အဆိုပါ ပေးချေမှုအစီအစဉ်တစ်ခုမျှမပါပဲဝယ်ယူမည်ဆိုပါက အမေရိကန်ဒေါ်လာ ၇၁၉ ဒသမ ၉၉ ဒေါ်လာကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ဧပြီလ ၃၀ ရက်မတိုင်မီမှာကြားသူများအတွက် Google Home အသုံးပြုနိုင်မည့်အစီအစဉ်ရှိသည့်အတွက် ဈေးနှုန်းကြီးမြင့်မှုကို ကာမိစေရန် AT&T မှကြိုးပမ်းထားသည်။ ယခုအချိန်မှာကြားသူများအဖို့ ဧပြီလ ၄ ရက်မှ ၆ ရက် အတွင်း အဆိုပါစမတ်ဖုန်းကိုလက်ခံရရှိသွားမည်ဟု သိရသည်။  Sprint ကတော့ ၂၄ လအတွက် တစ်လလျှင် ၂၉ ဒသမ ၅၀ ဒေါ်လာ သို့မဟုတ် တစ်ကြိမ်တစ်ခါတည်း ၇၀၈ ဒေါ်လာပေး၍ မှာကြားဝယ်နိုင်မည်ဟု သိရသည်။

မေလ ၁၁ မတိုင်မီ ၀ယ်ယူသူများအတွက် ၄၉ လက်မအရွယ် 1080p LG TV တစ်လုံး သို့မဟုတ် Google Home တစ်ခုကို အခမဲ့ရရှိနိုင်မည့် အစီအစဉ်များရှိကြောင်း သိရသည်။ နောက်ဆုံးအလှည့်ကျသူ Best Buy ကတော့ Verizon၊ AT&T နှင့် Sprint တို့ထံမှ ၀ယ်ယူမည့် G6 အမှာစာများကို လက်ခံနေပြီး AT&T နှင့် Verizon တို့အတွက်ဈေးနှုန်းမှာ Verizon G6 ကို တစ်ကြိမ်တည်းဝယ်ယူမည်ဆိုပါက ၆၉၉ ဒေါ်လာကျသင့်သည်မှ လွဲလျှင် အော်ပရေတာများသတ်မှတ် ထားသည့်ဈေးနှုန်းအတိုင်းဖြစ်ကြောင်း သိရသည်။ Sprint G6 ကို မှာကြားဝယ်ယူမည်ဆိုလျှင် ၂၄ လတာအတွက် တစ်လလျှင် ၂၉ ဒသမ ၅၀ သို့မဟုတ် တစ်ကြိမ်တစ်ခါတည်းဝယ်ယူမည်ဆိုပါက ၇၂၉ ဒသမ ၉၉ ဒေါ်လာကျသင့်မည်ဟု ဆိုသည်။  Best Buy သည် မှာကြားသူများထံပစ္စည်းအရောက်ပေးပို့မည့်နေ့ရက်ကို ဧပြီလ ၇ ရက်အဖြစ်သတ်မှတ်ထားပြီး၊ နီးစပ်ရာ လက်လီအရောင်းဆိုင်များတွင် ရယူနိုင်မည့်အခွင့်အရေးလည်းရှိကြောင်း သိရသည်။