အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့နည်းပြ ဆောက်ဂိတ်ဟာ  ဂျာမနီအသင်းနဲ့ ကစားမယ့် ခြေစွမ်းပွဲအတွက် လူစာရင်းရွေးချယ်ရာမှာ ပါဝင်ခဲ့ဖူးတဲ့အဓိက ကစားသမားအချို့ ချန်လှပ်ခဲ့ပြီး နောက်ပိုင်းပွဲစဉ်တွေမှာကလပ်အသင်းတွေမှာ နေရာရလာတဲ့ ကစားသမားအချို့ကို ရွေးချယ်ခဲ့ပါတယ်။ ဂျာမနီအသင်းနဲ့ခြေစွမ်းပွဲကစားမယ့် အင်္ဂလန်အသင်းရဲ့လူစာရင်းကိုထုတ်ပြန်ခဲ့ရာမှာ အသင်းခေါင်းဆောင် ရွန်နီ ပါဝင်ခဲ့ခြင်းမရှိပဲ ၀ါရင့်ကစားသမားတွေအဖြစ် ဂိုးသမား ဂျိုးဟတ်၊ ဂယ်ရီကာဟေး၊ ဂျာဂျီရယ်ကာ တို့လောက်သာပါဝင်ခဲ့ပြီး လူငယ်ကစားသမားအများအပြား ပါဝင်ခဲ့ပါတယ်။ ဂိုးသမား (၃)ဦးနေရာမှာ ဂျိုးဟတ်၊ တွမ်ဟီတန်၊ ပစ်ဖို့စ်တို့ပါဝင်ခဲ့ပြီး နောက်ခံကစားသမားတွေနေရာမှာ ကလိုင်း၊ ဒန်နီရို့စ်၊ ဂယ်ရီကာဟေး၊ ဂျွန်စတုန်း၊ ဝေါ်ကာ၊ ဂျာဂျီရယ်ကာ၊ ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်း၊ ဘာထရန်၊ ၀က်စ်ဟမ်းနောက်ခံလူ ခရက်စ်ဝဲတို့ ပါဝင်ခဲ့ပါတယ်။

ကွင်းလယ်ပိုင်းမှာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဒရင့်ဝါတာ၊ အလီ၊အန်တိုနီ ယို၊ ဂျိမ်းမီနာ၊ ဘာကလေတို့ကို ချန်လှပ်ခဲ့ပြီး လင်ဂတ်၊ လယ်လာနာ၊ တောင်ဆန်၊ ၀ီရှိုင်ယား၊ စတားလင်း၊ ဟန်ဒါဆန်တို့ ပါဝင်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းကို ကစားသမား (၃)ဦးဟသာ ရွေးချယ်ခဲ့ပြီး ဗာဒီ၊ စတာရစ်၊ ယခင်ကအင်္ဂလန်ယူ (၂၁)အသင်းမှာ ပါဝင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ရက်စ်ဖို့တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့ မတ်လ(၂၂)ရက်နေ့မှာ နာမည်ကြီးဂျာမနီအသင်းနဲ့ ခြေစမ်းပွဲစဉ် အဖြစ်ယှဉ် ပြိုင်ကစားသွားကြမှာဖြစ်ပြီး၊ မတ်လ (၂၆)ရက်နေ့မှာတော့ လစ်သူယေးနီးယား အသင်းနဲ့ (၂၀၁၈) ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News