(၂၀၁၆-၁၇) ဘောလုံးရာသီ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲရဲ့ (၁၆) သင်းအဆင့်ရှုံးထွက် ပွဲစဉ်များယှဉ်ပြိုင်ကစား အပြီးမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲမှ အာဆင်နယ်၊ မန်စီးတီးစတဲ့ နာမည်ကြီးကလပ်အသင်းတွေပြိုင်ပွဲမှထွက်ခဲ့ရပြီး လက်စတာစီးတီးအသင်း တစ်သင်းထဲသာ နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပါတယ်။ လက်စတာစီးတီးအသင်းကတော့ အီတလီလူမျိုးနည်းပြရာနီရေးရီနဲ့အတူ (၂၀၁၅-၁၆)  ဘောလုံးရာသီရဲ့ ပရီးမီးယားချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီး ဆုဖလားကိုပထမဆုံးရရှိခဲ့တဲ့ မှတ်တမ်းကို လည်း ပိုင်ဆိုင်ခဲ့တဲ့အသင်း တစ်သင်းဖြစ်ပါတယ်။

ဒါကြောင့် (၂၀၁၆-၁၇) ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ လက်စတာ၊အာဆင်နယ်၊စပါးနဲ့ မန်စီးတီးအသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့ပါတယ်။ လက်စတာစီးတီးအသင်းအနေနဲ့ ကတော့ အုပ်စုတွင်းပြိုင်ပွဲမှာ အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ ယူရိုပါလိဂ် (၃)နှစ်ဆက် ချန်ပီယံအဖြစ်ရပ်တည်ခဲ့တဲ့ ဆီဗီလာအသင်းနဲ့တွေ့ဆုံခဲ့ပြီး ပထမအကျော့မှာ (၂)ဂိုး (၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ ပေမယ့် ဒုတိယအကျော့မှာ (၂)ဂိုးပြတ်ပြန်လည်အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း(၃)ဂိုး၊ (၂)ဂိုးနဲ့ကွာ တားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။   ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ သမိုင်းဝင်အောင်မြင်မှုရရှိခဲ့တဲ့လက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် အသင်း သမိုင်းကြောင်းတစ်လျောက် ဒုတိယအကြိမ်မြောက်အောင်မြင် မှတ်တမ်းရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 

 

Related News