စပါးအသင်းတိုက်စစ်မှူးဟာရီကိန်းကတော့ အက်ဖ်အေဖလားကွာတားဖိုင်နယ် အဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မီဝေါအသင်းနဲ့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်ထိအနားယူရဖွယ်ရှိနေတာကြောင့် လက်ကျန်ပွဲစဉ်တွေအတွက် စပါးတိုက်စစ်ပိုင်းမှာ ကစားသမားရွေးချယ်ဖို့ အခက်အခဲတွေရှိလာမှာ ဖြစ်ပါတယ်။  မီဝေါအသင်းနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ ပြင်းထန်တဲ့ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်ထိအနားယူဖွယ်ရှိသည်အထိ သူရဲ့ခြေကျင်းဝတ်ဒဏ်ရာဟာ ဆိုးဝါးခဲ့ပါတယ်။

ဟာရီကိန်းဟာ စပါးအသင်းမှာ ကွင်းလယ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အလီ၊ အဲရစ်ဆင် တို့နဲ့အကောင်းဆုံးတွဲဖက်ကစားနိုင်နေပြီး သူတို့ (၃) ဦးပေါင်းရဲ့သွင်းဂိုးဟာ ယခုနှစ်ရာသီမှာ သွင်းဂိုး (၄၀) ထိ ရှိခဲ့ပါတယ်။ ဟာရီကိန်းဟာ သွင်းဂိုး (၂၂) ဂိုးသွင်းယူပေးထားပြီး၊ အလီက (၁၃) ဂိုး၊ အဲရစ်ဆင်က သွင်းဂိုး (၅) ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဟာရီကိန်းဒဏ်ရာရရှိမှုဟာ စပါးအသင်းရဲ့တိုက်စစ်ပိုင်းအတွက် အားနည်းသွား နိုင်ပြီး ဆွန်ဟောင်မင်၊ ဂျန်ဆန်တို့ကလည်း ဟာရီကိန်းရဲ့နေရာကို တိုက်ရိုက်အစားထိုးနိုင်တဲ့ခြေစွမ်းမျိုးမှာ ရှိမ နေတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ယခုနှစ်ရာသီမှာ သွင်းဂိုး (၇) ဂိုးသွင်းယူထားပေမယ့် ဂျန်ဆန်ကတော့ သွင်းဂိုး (၁) ဂိုးသာသွင်းယူထားပါတယ်။ စပါးအသင်းနည်းပြ ပိုချက်တီနိုအတွက်ကတော့ ဟာရီကိန်းမပါဝင်နိုင် ချိန်မှာ ကွင်းလယ်ကစားသမား တွေဖြစ်တဲ့ အလီ၊ အဲရစ်ဆင်တို့ကိုသာ အဓိကထားပြီးကစားကွက်တည်ဆောက် သွားရတော့မှာ ဖြစ်ပါတယ်။

 

 

 

Related News