ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့နဲ့ လာမယ့်ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပစ်မှတ်ထားနေတဲ့ မန်ယူအသင်းကတော့ လက်ရှိအခါမှာအဓိကနောက်ခံကစားသမား(၅)ဦးရဲ့ ဒဏ်ရာပြဿနာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ချန်ပီယံအဖြစ်ရပ်တည်ဖို့နဲ့ လာမယ့်ရာသီရဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ အဓိကနောက်ခံလူ(၅)ဦးရဲ့ ဒဏ်ရာရရှိမှုကြောင့် လာမယ့်ပွဲစဉ်တွေ အတွက် နောက်ခံကစားသမားရွေးချယ်ဖို့ အခက်ခဲတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နောက်တန်းမှာ စမောလင်းနဲ့ဖီးဂျုံးတို့အတွဲဟာ ဒူးဒဏ်ရာ၊ ခြေချောင်း ရိုးကျိုးဒဏ်ရာကြောင့် လက်ရှိအချိန်ထိ အနားယူ နေရတာဖြစ်ပါတယ်။အဆိုပါကစားသမား(၂)ဦး ဒဏ်ရာရရှိချိန်မှာ ဘိုင်လေနဲ့ရိုဂျိုတို့ခံစစ်အတွဲက ပုံစံကောင်းပြ နေတာကြောင့် မော်ရင်ဟိုအတွက် နောက်ခံကစားသမားရွေးချယ်ဖို့ အခက်ခဲမရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်  မှာတော့ အဆိုပါကစားသမား(၂)ဦးဟာလည်း ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ပြီး ရိုဂျိုဟာ ရာသီကုန်ထိအနားယူရ မှာဖြစ်သလို ဘိုင်လေကတော့ အနားယူရမယ့်ရက်တိတိကျကျ ထွက်ပေါ်ခြင်းမရှိသေးတာဖြစ်ပါတယ်။ဒါ့အပြင် အသင်းမှ လူငယ်နောက်ခံကစားသမားတွေဖြစ်တဲ့ မန်ဆက်နဲ့ လုရှော တို့ကလည်း ဒဏ်ရာပြဿနာရှိနေခဲ့တာကြောင့် မန်ယူအသင်းရဲ့လက်ကျန်ပွဲစဉ်တွေဟာ ခက်ခဲသည်ထက် ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ မေလ(၄)ရက်နေ့မှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဆယ်တာဗီဂိုအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး မေလ(၇)ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် မေလ(၁၁)ရက်နေ့ မှာ ဆယ်တာဗီဂိုနဲ့ ဒုတိယအကျော့ပွဲစဉ်ကစားပြီးပါက မေလ(၁၁)ရက်နေ့မှာ စပါးအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

 

 

Related News