ချယ်ဆီးအသင်းရဲ့နွေရာသီအပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ်စိတ်ပျက်နေတဲ့ နည်းပြကွန်တီချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးတဲ့ ချယ်ဆီးအသင်းရဲ့လှုပ်ရှားမှုတွေအပေါ် အားရကျေနပ်ခြင်းမရှိဖူးလို့သိရပါတယ်။ ချယ်ဆီးအသင်းဟာ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးထားနိုင်ခဲ့ ပေမဲ့ အသင်းမှာ ကမ္ဘာ့အဆင့်မှီကစားသမားနည်းပါးနေတဲ့အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရ ပါတယ်။

ချယ်ဆီး အသင်းဟာ ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ကစားသမားအင်အား ဖြည့်တင်းဖို့ကြိုးစားနေပေမဲ့ အပြောင်းအရွှေ့ကိစ္စတွေဟာ ကြန့်ကြာနေတာကြောင့် ချယ်ဆီးနည်းပြ ကွန်တီအနေနဲ့ စိတ်ပျက်စရာတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ချယ်ဆီးအသင်းဟာ ယခင်နှစ် ဘောလုံးရာသီကကွင်းလယ်မှာ ကန်တီ၊မာတစ်၊ဖာဘရီဂတ်စ် အစရှိတဲ့ ကွင်းလယ်ကစားသမား(၃)ယောက်သာ အဓိကရုန်းကန်ခဲ့ရတာကြောင့် ယခုနှစ်နွေရာသီဈေးကွက်မှာတော့ မိုနာကိုအသင်းမှ ကွင်းလယ်ကစားသမား ဘာကာယိုကို ကိုခေါ်ယူဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်နည်းပြကွန်တီဟာ ချယ်ဆီးအသင်းရဲ့ (၃-၄-၃) ကစားကွက်မှာအဓိက မောင်းနှင်အားဖြစ်တဲ့ နောက်ခံအစွန်လူနေရာအတွက် ဂျူဗင်တပ်အသင်းမှ အဲလက်ဆန်ဒရိုကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့လည်း သဘောတူညီမှုမရရှိသေးဘဲ အပြောင်းအရွှေ့ကိစ္စတွေဟာ ကြန့်ကြာနေဆဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းဟာ ယခင်ကနွေရာသီအပြောင်းအရွှေ့မှာ ခြေလှမ်းသွက်တဲ့အသင်းတစ်သင်း ဖြစ်ပေမဲ့လည်း လက်ရှိ အချိန်ထိတော့ အဓိက ကစားသမားတစ်ဦးမှ ခေါ်ယူနိုင်ခြင်းမရှိသေးတာကြောင့် နည်းပြကွန်တီအနေနဲ့အသင်းရဲ့လှုပ်ရှားမှုတွေအပေါ်စိတ်ပျက်နေပြီး ကစားသမားသစ်တွေကို အမြန်ဆုံး ခေါ်ယူနိုင်ဖို့အတွက် အသင်းမှတာဝန်ရှိသူတွေကို သတိပေးပြောကြားခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

 

 

Related News