အဲဗာတန်အသင်းတိုက်စစ်မှူး လူကာကူကို ပြောင်းရွေ့ကြေးယူရို(၇၅)သန်းနဲ့ခေါ်ယူခဲ့တဲ့ မန်ယူအသင်းဟာ နည်းပြဖာဂူဆန်ထွက်ခွာပြီးနောက်ပိုင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပြောင်းရွေ့ကြေးယူရိုသန်း(၇၀၀) ကျော်သုံးစွဲခဲ့တာဖြစ်ပါတယ်။ယခုလက်ရှိနွေရာသီအပြောင်းအရွေ့မှာ ဘင်ဖီကာနောက်ခံလူ လင်ဒီလော့စ်ကို ခေါ်ယူပြီး လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအတွက် အဲဗာတန်တိုက်စစ်မှူးလူ ကာကူကို ပြောင်းရွေ့ကြေးယူရို (၈၅)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းနဲ့အတူ ဆေးစစ်မှုအောင်မြင် ခဲ့တဲ့လူကာကူရဲ့ တန်ကြေးဟာ စုစုပေါင်းယူရိုသန်း(၉၀)ကျော်ထိရှိနိုင်ပြီး ပြီးခဲ့တဲ့ရာသီကခေါ်ယူခဲ့တဲ့ ပေါ့ ဘာရဲ့နောက် ဒုတိယမြောက် အမြင့်ဆုံးပြောင်းရွေ့ကြေးဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ဂန္ဒ၀င်နည်းပြကြီး ဖာဂူဆန်အနားယူပြီးနောက်ပိုင်း ကိုင်တွယ်ခဲ့တဲ့ နည်းပြ(၃)ဦးလက်ထက်မှာ ကစားသမားသစ်ခေါ်ယူဖို့အတွက် ပြောင်းရွေ့ကြေး ယူရို(၇၃၃)သန်းထိအသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်မိုယက်စ်ကိုင်တွယ်ချိန်ဖြစ်တဲ့ (၂၀၁၃-၁၄)ဘောလုံးရာသီမှာ ကစားသမားခေါ်ယူမှုအတွက် အသုံးပြုခဲ့တဲ့ ပမာဏဟာ ယူရို(၇၇)သန်းရှိပြီး ကွင်းလယ်လူတွေဖြစ်တဲ့ မာတာနဲ့ ဖယ်လိုင်နီတို့ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ နည်းပြဗန်ဟားလက်ထက်မှာတော့ မန်ယူအသင်းဟာ ဒီမာရီယာ၊ မာရှယ်၊ ဒီပေး၊ ဟာရဲရား၊ လုရှော၊ ရိုဂျို၊ ဒါလေဘလိုင်း၊ ရှနိုက်ဒါလင်၊ ဒါမီယန်၊ ရှဝိန်းစတိုင်ဂါ၊ ဖယ်ကာအို အစရှိတဲ့ကစားသမားတွေ အတွက် ပြောင်းရွေ့ကြေး ယူရို(၃၅၇)သန်းထိအသုံးပြုခဲ့တာဖြစ်ပါတယ်။လက်ရှိနည်းပြမော်ရင်ဟို လက်ထက်မှာတော့ ကစားသမားခေါ် ယူမှုအတွက် အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးဟာ သူစတင်ကိုင်တွယ်ချိန်မှ လက်ရှိလူကာကူကိုခေါ်ယူပြီးချိန်ထိ ပြောင်းရွေ့ကြေး ယူရို(၃၀၅)သန်းထိရှိခဲ့ပြီဖြစ်ပါတယ်။

 

Related News