လက်ရှိမှာကျင်းပပြုလုပ်နေတဲ့ ၀င်ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲမှာ နာမည်ကြီးကစားသမား အများစုအနေနဲ့ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ကြပေမယ့်လည်း ရာဖေးနာဒယ်လ်အနေနဲ့ ပြိုင်ပွဲရဲ့စတုတ္ထအဆင့်မှာ လူဇင်ဘတ်နိုင်ငံသား ဂေးလ်စ်မူလာကို ရှုံးနိမ့်ခဲ့ပြီး၊ ပြိုင်ပွဲကနေထွက်ခဲ့ရတယ်လို့ သိရပါတယ်။ဂရမ်းဆလန်းပြိုင်ပွဲတွေထဲက တတိယမြောက်ကျင်းပပြုလုပ်တဲ့ ၀င်ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲကတော့ လက်ရှိမှာကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိလာပြီဖြစ်ပြီး၊ ဇူလိုင်လ (၁၀) ရက်နေ့၊ မနေ့က ပြိုင်ပွဲရဲ့စတုထ္ထအ ဆင့်ပွဲစဉ်တွေကိုယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ စတုထ္ထအဆင့်မှာ အန်ဒီမာရေး၊ မာရင်ချီလစ်၊ ရာအိုးနစ်၊ ရော်ဂျာဖက်ဒါးရား၊ သောမတ်စ်ဘာဒစ်တို့ အနေနဲ့ ပြိုင်ဘက်အသီးသီးကိုအနိုင်ရရှိကာ၊ ကွာတားဖိုင်နယ်အဆင့် ကိုတက်ရောက်ခဲ့ ကြပေမယ့်လည်း စပိန်နိုင်ငံသားရာဖေးနာဒယ်လ်ကတော့ နိုင်ခြေအဆင့် (၁၆) လူဇင်ဘတ်နိုင်ငံသားဂေးလ်စ်မူလာကို ၃-၆ ၄-၆ ၆-၃ ၆-၄ ၁၃-၁၅ နဲ့ရှုံးနိမ့်ခဲ့ပြီး၊ စတုထ္ထအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါ တယ်။ ရာဖေးနာဒယ်လ်အနေနဲ့ ပြီးခဲ့တဲ့ပြင်သစ်အိုး ပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ၀င် ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ စတုထ္ထအဆင့်နဲ့လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။

ဝင်ဘယ်ဒန်ချန်ပီယံ ရှစ်ပြိုင်ပွဲရဲ့ကွာတား ဖိုင်နယ်အဆင့်ကတော့ နာမည်ကြီးကစားသမားတွေထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေကိုမြင်တွေ့ရဖို့ရှိနေတာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ ဗြိတိန်နိုင်ငံသားဂျို ကိုဗစ်နဲ့ အမေရိကန်နိုင်ငံသားဆမ်ကွာရေး၊ လူဇင်ဘတ်နိုင်ငံသား ဂေးလ်မူလာနဲ့ ခရိုအေးရှားနိုင်ငံသား မာရင် ချီလစ်၊ ကနေဒါနိုင်ငံသား ရာအိုးနစ်နဲ့ ဆွစ်ဇာလန်နိုင်ငံသား ရော်ဂျာဖက်ဒါးရားတို့ထိပ်တိုက်တွေ့ဆုံနေကြပြီး၊ ချက်စ်နိုင်ငံသား သောမတ်စ်ဘာဒစ်ကတော့ စတုထ္ထအဆင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားမယ့် ဂျိုကိုဗစ်နဲ့ မန်နာရီနို တို့ပွဲစဉ်မှ အနိုင်ရရှိတဲ့ကစားသမားနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

 

    

Related News