ယခုလက်ရှိနွေရာသီဈေးကွက်မှာ မထင်မှတ်တဲ့အပြောင်းအရွေ့တစ်ခုဖြစ်ပေါ်ခဲ့ပြီး အသင်းကြီးအများစု အလိုရှိ နေတဲ့ ရီးယဲမက်ဒရစ်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွဒ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ 
ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ  မန်ယူ၊ ဂျူဗင်တပ်၊ အေစီမီလန်တို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရီးယဲမက်ဒရစ်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွဒ်ကို (၂)ရာသီအဌားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ဂျိမ်းရိုဒရီဂွဒ်ကိုအဌားခေါ်ယူဖို့ အတွက်အသုံးပြုခဲ့တဲ့ ပြောင်းရွေ့ကြေးကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် (၂၀၁၉)ခုနှစ်ထိချုပ်ဆိုထားတဲ့ အဌားစာချုပ် သက်တမ်းကုန်ဆုံးပါက အပြီးသတ်ခေါ်ယူခွင့်ရှိနေပါတယ်။

ဂျိမ်းရိုဒရီဂွဒ်ကို ခေါ်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲမက်ဒရစ်အသင်းတို့ အသင်း(၂)သင်းကြားမှာ အပြောင်း အရွေ့နဲ့ပက်သက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပြီး ကစားသမား အပြောင်းအရွှေ့ (၇)ခုထိဖြစ်ပေါ် ထားပါတယ်။ ဂျိမ်းရိုဒရီဂွဒ်မတိုင်မီ ရီးယဲမက်ဒရစ်မှ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွေ့ခဲ့တဲ့ ကစားသမားတွေဟာ တောင်ပံကစားသမား အာဂျန်ရော်ဘင်၊ ကွင်းလယ်ကစားသမားတွေ ဖြစ်တဲ့ အယ်တင်တော့၊ ဇာဗီအလွန်ဆို တို့ဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှ ရီးယဲမက်ဒရစ်ကို ပြောင်းရွေ့ခဲ့တဲ့ ကစားသမားကတော့ ကွင်းလယ်လူတိုနီခရူးခ် ဖြစ်ပါတယ်။

ဒါ့အပြင်အသင်း(၂)သင်းစလုံးကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြနှစ်ဦးလည်းရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို လက်ရှိကိုင်တွယ်နေတဲ့ အန်ဆယ်လော့တီနဲ့ ဘိုင်ယန်မြူးနစ်ကို (၂၀၁၂-၁၃)ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဖလားရရှိအောင် စွမ်းဆောင်ခဲ့တဲ့ နည်းပြဂျက်ဟေးနက်စ်တို့ဖြစ်ပါတယ်။

 

 

Related News