ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့် အသင်းခေါင်းဆောင်ဂျွန် တယ်ရီသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အေဗီလာအသင်းသို့ ပြောင်းရွှေ့ရောက်ရှိပြီဖြစ်ကြောင်းသိရှိရသည်။ ချယ်လ် ဆီးအသင်းတွင် (၂၁) နှစ်တိတိကျင်လည်ခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံပေါင်း (၆၉၀) ထိ ပါဝင်ကစားခဲ့ပြီးသွင်းဂိုးစုစုပေါင်း (၆၅) ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းနှင့်အတူပရီးမီးယားလိဂ်ချန်ပီယံဆုဖလား (၅) ကြိမ်၊ အက်ဖ်အေဖလား (၅) ကြိမ်၊ အီးအက်ဖ်အယ်လ်ဖလား (၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်နှင့် ယူရိုပါလိဂ်ဖလား (၁) ကြိမ်အသီးသီးဆွတ်ခူးရယူနိုင်ခဲ့သည်။

ဂျွန်တယ်ရီအနေဖြင့် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ပိုင်းဘောလုံးလောကမှ အနားယူရန် စဉ်းစားခဲ့သော်လည်း ၄င်းအနေဖြင့် ဘောလုံးကစားသမားတစ်ဦးအဖြစ် ဆက်လက် ကျင်လည်လိုသည့်ဆန္ဒကြောင့် အေဗီလာအသင်း၏ ကမ်းလှမ်းချက်အားလက်ခံခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အေဗီလာအသင်းသို့ ပြောင်းရွှေ့ရသည့်အတွက် ၀မ်းမြောက်မိကြောင်း၊ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းကအောင်မြင်မှုများဆွတ် ခူးနိုင်ခဲ့သည့် အေဗီလာအသင်းသည် ၄င်းတို့ကစားသမားဘ၀စတင်ချိန်ကတည်းက ကစားသမားတိုင်းပြောင်းရွှေ့ကစားလိုကြသည့်အသင်းဖြစ်ကြောင်းတယ်ရီကဖွင့်ဟခဲ့သည်ဟုသိရှိရသည်။ 

 

 

Related News