ပရီးမီးယားလိပ်ကလပ်မန်စီးတီးအသင်းဟာ အသင်းမှာလိုအပ်နေတဲ့ နောက်ခံအစွန်လူတွေကို ခေါ်ယူနိုင်ဖို့ ကြိုးစားရာမှာ အခက်အခဲတွေနဲ့ကြုံတွေ့နေပါတယ်။မန်စီးတီးအသင်းဟာ ယခင်နှစ်ကပရီးမီးယားလိဂ်မှာ တိုက်စစ်စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်ပေမဲ့ ခံစစ်အားနည်းမှုကြောင့်ရလဒ်ပိုင်းတွေဆိုးရွားခဲ့ပြီး အောင်မြင်မှုနဲ့ ဝေးကွာခဲ့ရပါတယ်။ ယခုနှစ်နွေရာသီအပြောင်း အရွှေ့ဈေးကွက်မှာ နည်းပြဂွါဒီယိုလာဟာ အသင်းမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဇာဘလက်တာ၊ ဆက်ဂ်ညာ၊ ကလစ်ချီအစရှိတဲ့ကစားသမား (၃) ယောက်ကို အသင်းမှထွက်ခွာခွင့်ပေးခဲ့ပြီး လူငယ်နောက်ခံလူ တွေနဲ့အစားထိုးဖို့ ပြင်ဆင်ခဲ့ပါတယ်။
 
အသင်းမှာအဓိကလိုအပ်နေတဲ့ နောက်ခံအစွန်လူတွေအတွက် မိုနာကိုအသင်းမှ ဘယ်နောက်ခံလူမန်ဒီ၊ စပါးအသင်းမှ ညာနောက်ခံလူဝေါ်ကာနဲ့ ဂျူဗင်တပ်အသင်းမှ ဒန်နီအဲ ဗက်စ်တို့ကို ခေါ်ယူဖို့ကြိုးစားနေပြီး၊ ယခုအချိန်ထိတော့ သဘောတူညီမှုမရရှိသေးကြောင်း သိရပါတယ်။ မန်စီးတီးအသင်းဟာ မိုနာကိုအသင်းမှ မန်ဒီကို ပေါင်သန်း (၄၀) ဖြင့် ကမ်းလှမ်းထားခဲ့သလို၊ စပါးအသင်းမှ ဝေါ်ကာ အတွက်လည်း ပေါင် (၄၅) သန်းဖြင့်ကမ်းလှမ်း ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ မန်စီးတီးရဲ့ နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်တဲ့ ဒန်နီအဲဗက်စ်ကတော့ PSG အသင်းနဲ့သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။
 
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဇူလိုင်လ(၂)ရက်နေ့၊အမေရိကန်နိုင်ငံဟူစတန်မြို့မှာ ယှဉ်ပြိုင် ကစားမယ့် မန်ယူအသင်းနဲ့ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်ခင် အသင်းမှာလိုအပ်နေတဲ့ နောက်ခံ အစွန်လူတွေကို အရခေါ်ယူသွားနိုင်ဖို့အတွက် အသင်းမှတာဝန်ရှိသူတွေကို သတိပေးပြောကြား ခဲ့တယ်လို့လည်း သိရပါတယ်။ 
 
 

Related News