အမေရိကန်ဖွတ်ဘော အသင်းတစ်သင်းဖြစ်တဲ့ ဒဲလ်လက်စ်ကောင်းဘွိုင်အသင်း၊ မေဂျာလိဂ် ဘော့စ်ဘော အသင်းဖြစ်တဲ့ နယူးယောက်ရမ်းကီးအသင်းနဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံး အသင်းဖြစ်တဲ့ မန်ယူအသင်းတို့ဟာ စီးပွားရေး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ဖော့စ်မှထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အားကစားအသင်းတွေဖြစ်လာခဲ့ပါတယ်။ အမေရိကန်ဖွတ်ဘောအသင်းဖြစ်တဲ့ ဒဲလက်စ်ကောင်းဘွိုင်အသင်းဟာ ဖော့စ်မဂ္ဂဇင်းရဲ့ တွက်ချက်မှု အရ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးအားကစားအသင်းဖြစ်လာခဲ့ပြီး ၀င်ငွေ(၅%)ထိ တိုးလာခဲ့တာကြောင့် အသင်းရဲ့တန် ဖိုးဟာ အမေရိကန်ဒေါ်လာ (၄.၂)ဘီလျံထိဖြစ်လာခဲ့ပါတယ်။
 
နံပါတ်(၂)နေရာမှာတော့ မေဂျာလိဂ်ဘော့စ်ဘော အသင်းဖြစ်တဲ့ နယူးယောက်ရမ်းကီး အသင်းက တန်ဖိုးအမေရိကန်ဒေါ်လာ (၃.၇)ဘီလျံနဲ့ရပ်တည်နေပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးအသင်း ဖြစ်တဲ့ မန်ယူအသင်းကတော့ အမေရိကန်ဒေါ်လာ (၃.၆၉)ဘီလျံနဲ့ နံပါတ်(၃)နေရာမှာရှိနေပါတယ်။ စပိန်လာလီဂါထိပ်သီးဘောလုံးအသင်း (၂)သင်းဖြစ်ကြတဲ့ ဘာစီလိုနာအသင်း နဲ့ရီးရဲလ်မက်ဒရစ် အသင်းတို့ကတော့ နံပါတ်(၄)နေရာနဲ့နံပါတ်(၅)နေရာမှာ ရှိနေခဲ့တာဖြစ်ပြီး ထိပ်ဆုံး(၁၀)သင်း စာရင်းမှာဘောလုံးအသင်း(၃)သင်းသာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်ဆုံး(၁၀)သင်းမှာ အမေရိကန်ဖွတ်ဘော အသင်း(၄)သင်းအထိအများဆုံးပါဝင်ခဲ့ပြီး ဘတ်စကတ်ဘော အသင်း(၂)သင်းနဲ့ ဘေ့စ်ဘော အသင်းတစ်သင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ 
 
 
 

Related News