မန်စီးတီးအသင်းဟာ စပါးအသင်းရဲ့ညာနောက်ခံလူ ဝေါ်ကာကို အပြီးသတ်ခေါ်ယူ စာချုပ်ချုပ်ဆို နိုင်တော့မှာ ဖြစ်ပါတယ်။ စပါးအသင်းရဲ့အင်္ဂလန်လက်ရွေးစင် နောက်ခံလူဝေါ်ကာဟာ မန်စီးတီးအသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီး ပေါင်သန်း(၅၀)နဲ့ အပြီးသတ်ခေါ်ယူ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းဟာ အားနည်းမှုတွေရှိနေတဲ့ နောက်တန်းနေရာကို ဖြည့်တင်းနိုင်ဖို့အတွက် နောက်ခံလူသစ်တွေ ခေါ်ယူဖို့ကြိုးစားနေခဲ့ပြီး အထူးသဖြင့်အသင်းကစာချုပ်သစ် မချုပ်ဆိုပဲ ထွက်ခွါခွင့်ပြုထားတဲ့ ဇာဘလတ်တာနဲ့ ဆက်ဂ်နာတို့နေရာမှာ အစားထိုးနိုင်ဖို့ နောက်ခံလူတွေရှာဖွေ နေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ မိုနာကိုအသင်းဘယ်နောက်ခံလူမန်ဒီနဲ့ စပါးအသင်းညာနောက်ခံလူ ဝေါ်ကာတို့ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပြီး ဝေါ်ကာကတော့ အသင်းထံရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဗြိတိန်အခြေစိုက်ကစားသမား တွေကို ပြောင်းရွှေ့ကြေး အများအပြားပေးကာ ခေါ်ယူလေ့ရှိတဲ့အသင်းဖြစ်ပြီး တောင်ပံကစားသမားစတာလင်နဲ့ နောက်ခံလူဂျွန်စတုန်းတို့ကိုလည်း ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ 
 
 

Related News