လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ တခြားသောလိဂ်မှကလပ်အသင်းတွေဟာ စံချိန်တင် ပြောင်းရွေ့ကြေး တွေနဲ့ ကစားသမားခေါ်ယူမှုတွေပြုလုပ်နေပေမယ့် စပိန်လာလီဂါထိပ်သီး အသင်းကြီးတွေဟာ  အပြောင်း အရွှေ့ ကြီးမားကြီးမားပြုလုပ်ခြင်း မရှိသေးတာဖြစ်ပါတယ်။စပိန်လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတွေဟာ လက်ရှိအချိန်ထိ အပြောင်းအရွှေ့ ကြီးကြီးမားမား ပြုလုပ်ထားခြင်းမရှိပဲ 
လူငယ်ကစားသမား အများစုကိုသာ ခေါ်ယူထားခဲ့တာတွေ့ရပါတယ်။
 
လာလီဂါချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းဟာ ဗယ်လီဂျို၊ သီယိုဟာနက်ဒက်ဇ်နဲ့ ဒီယေဂိုလော်ရန်တီတို့ အပါအ၀င် လူငယ်ကစားသမား (၇) ဦးသာခေါ်ယူထားခဲ့ပြီး၊ ဘာစီလိုနာ အသင်းကတော့ ကစားသမားဟောင်း ဒယ်လိုဖူနဲ့ ဘင်ဖီကာမှ လူငယ်နောက်ခံလူ ဆီမီဒိုတို့ကိုသာ ခေါ်ယူထားတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့ပိတ်ပင်ခြင်း ခံထားရတာကြောင့် ဆီဗီလားကွင်းလယ်လူ ဗီတိုလိုတစ်ဦးတည်းသာ ခေါ်ယူထားခဲ့ပြီး လက်ပါးမက်စ်အသင်းထံကို ပြန်လည်အငှားချထားခဲ့ပါတယ်။
 
စပိန်လာလီဂါကလပ် အသင်းတွေဟာ နွေရာသီအပြောင်းအရွေ့မှာ ကစား သမားခေါ်ယူမှု ကြီးကြီးမားမားမရှိသေးပေမယ့် အခြားသော လိဂ်တွေဖြစ်ကြတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်၊ အီတလီစီးရီးအေနဲ့ ဂျာမန်ဘွန်ဒက်လီဂါက ကလပ်အသင်းတွေထက်
ဥရောပမှာအရှိန်အ၀ါ ကြီးမားနေခဲ့တာ ဖြစ်ပါတယ်။  
 
 
 

 

Related News