လန်ဒန် (The Sun) ။         ။ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီအတွက် မန်ယူအသင်း၏ အိမ်ကွင်းဝတ်စုံသစ်မိတ်ဆက်သော ပုံရိပ်များတွင် ၀ိန်းရွန်းနီပါဝင်နေသည့်အတွက် ၄င်း၏ရှေ့အနာဂတ်နှင့် ပတ်သက်၍ ခန့်မှန်းချက်များပိုမိုများပြားလာကြောင်းသိရှိရသည်။ မန်ယူအားမော်ရင်ဟိုက ပထမဦးဆုံးစတင်တာဝန်ယူသည့် ဘောလုံးရာသီ၌ရွန်းနီသည် ဦးစားပေးကစားသမားစာရင်းမှ လျော့ကျခဲ့ပြီးပရီးမီးယားလိဂ်ပွဲစဉ် (၁၅) ပွဲသာ ပါဝင်ကစားခဲ့ရသည်။ အသက် (၃၁) နှစ်အရွယ်ရှိရွန်းနီသည် ဇန်န၀ါရီတွင် အသင်းမှ ထွက်ခွာနိုင်သည့် အခွင့်အရေးအားလက်လွှတ်ခဲ့ပြီးရာသီသစ်မစတင်မီထွက်ခွာဖွယ်ရှိသည်ဟူသောမှန်းဆချက်များ ကြီးထွားခဲ့သည်။

ရွန်းနီအနေဖြင့် အသင်းဟောင်းဖြစ်သည့် အဲဗာတန်သို့ ပြန်သွားနိုင်ဖွယ်ရှိသည်ဟုပြောဆိုကြသလိုတရုတ်အသင်းများကလည်း စိတ်ဝင်စားလျက်ရှိသည်ဟုလည်း ပြောဆိုကြပြန်သည်။ သို့သော်လည်းလက်ရှိတွင် ရွန်းနီသည် အသင်း၏ ဂျာစီသစ်မိတ်ဆက်ပုံရိပ်များ၏ အလယ်ဗဟိုနေရာမှ ပါဝင်လာသည်။ မန်ယူအသင်း၏ တရားဝင်ဝက်ဘ်ဆိုဒ်နှင့် တွစ်တာစာမျက်နှာတို့၌ဖော်ပြထားသည့်ပုံရိပ်များတွင် ပေါ့ဂ်ဘာ၊ မစ်ခီတာရန်နှင့် အသစ်ရောက်ရှိနေသည့် လင်ဒီလော့ဖ်တို့နှင့်အတူရွန်းနီအားတွေ့မြင်ရခြင်းဖြစ်ရာလာမည့်ရာသီသစ်တွင်လည်းရွန်းနီသည် မန်ယူ၌သာဆက်ရှိနေနိုင်သေးသည်ဟူသောမှန်းဆချက်များထွက်ပေါ်လာခဲ့သည်။ သို့သော်လည်းနောက်ဆုံးတွင် ရွန်းနီသည် မန်ယူတွင်ရရှိသည့် လစာထက် ထက်ဝက်နည်းသော အဲဗာတန်သို့ (၁) နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်းသိရှိရသည်။ 

 

 

Related News