ဆိုးလ် (Soccer News) ။    ။ လိုက်ဘေးရီးယားဘောလုံးကစားသမားဟောင်းဂျော့ခ်ျဝီရာ၏ သားဖြစ်သူအား ပြင်သစ် လီဂူးကလပ်ပီအက်စ်ဂျီက (၃) နှစ်သက်တမ်းရှိသည့်စာချုပ်တစ်ရပ်ချုပ်ဆိုကာခေါ်ယူလိုက်ပြီဟုသိရှိရသည်။ ဂျော့ခ်ျဝီရာ သည် ၄င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုကာလတစ်လျှောက် ပီအက်စ်ဂျီနှင့် အေစီမီလန်အသင်းတို့အားကိုယ်စားပြုကာဘလွန်းဒီအော် (ရွှေဘောလုံးဆု) ဆုအားဆွတ်ခူးရယူနိုင်ခဲ့သည်အထိအောင်မြင်ခဲ့သောထူးချွန်ကစားသမားကောင်းတစ်ဦးဖြစ်သည်။ အသက် (၁၇) နှစ်သာရှိသေးသည့် တီမိုသီဝီရာသည် ဖခင်ဖြစ်သူဂျော့ခ်ျဝီရာ၏ ခြေရာအားနင်းနိုင်မည့်သူအဖြစ် ထင်ကြေးပေးခံနေရပြီး ၂၀၁၄ ခုနှစ်ကတည်းက ၄င်းအား အကယ်ဒမီကစားသမားအဖြစ် ခေါ်ယူထားခဲ့ခြင်းဖြစ်သည်။

တီမိုသီ၏ ယူ-၁၅၊ ယူ-၁၉ အသင်းများအားကိုယ်စားပြုကာခြေစွမ်းပြမှုများကိုတွေ့မြင်ပြီးနောက်ပိုင်းပီအက်စ်ဂျီအသင်းမှ တာဝန်ရှိသူများက ၄င်းအား ပရော်ဖက်ရှင်နယ်စာချုပ်တစ်ရပ်ချုပ်ဆိုရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။ ပီအက်စ်ဂျီနှင့် (၃) နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်အားသဘောတူညီလက်မှတ်ရေးထိုးလိုက်သူတီမိုသီသည် လွန်ခဲ့သောနှစ်များက အမေရိကန်ယူ-၁၇ အသင်းအားကိုယ်စားပြုကာ နိုင်ငံတကာပွဲစဉ်များစွာကိုလည်း ပါဝင်ကစားခဲ့ကြောင်း သိရှိရသည်။ 

 

 

Related News