ကျင်းပပြုလုပ်နေတဲ့ (၁၃၁)ကြိမ်မြောက် ၀င်ဘယ်ဒန်ချန်ပီယံရှစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲဟာ ဗိုလ်လုပွဲအဆင့်ကိုရောက်ရှိနေပြီးနိုင်ခြေအဆင့်(၃)သတ်မှတ်ခံထားရတဲ့ ရော်ဂျာဖက်ဒါးရားနဲ့ နိုင်ခြေအဆင့်(၇) မာရင်ချီလစ်တို့တွေ့ဆုံနေပါတယ်။ ရော်ဂျာဖက်ဒါးရားဟာ ဆီမီးဖိုင်နယ်မှာ နိုင်ခြေအဆင့်(၁၁)သောမက်ဘာဒစ်ကို ကျော်ဖြတ်ကာ ကစား သမားဘ၀(၁၁)ကြိမ်မြောက်ဝင်ဘယ်ဒန်ချန်ပီယံရှစ် ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။ သူဟာ ၀င်ဘယ်ဒန် ချန်ပီယံရှစ်မှာ (၇)ကြိမ်ဗိုလ်စွဲထားသူဖြစ်ပြီး ယခုနှစ်မှာ ဗိုလ်စွဲနိုင်မယ်ဆိုရင် စံချိန်တင်(၈)ကြိမ်မြောက်ဗိုလ်စွဲနိုင် မှာဖြစ်ပါတယ်။

မာရင်ချီလစ်ကလည်း ဆီးမီးဖိုင်နယ်မှာ အမေရိကန်မှ ဆမ်ကွာရေးကို ခက်ခက်ခဲခဲနဲ့ကျော်ဖြတ်ခဲ့ပြီး ကစားသမားဘ၀ ဒုတိယအကြိမ်မြောက် ဂရမ်းစလန်း ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရော်ဂျာဖက်ဒါးရားဟာ ယခုနှစ် သြစတြေးလျ အိုးပင်းမှာလည်း ဗိုလ်စွဲထားသူဖြစ်ပြီး တစ်နှစ်အတွင်း ဂရမ်းစလန်းဆုဖလား(၂)လုံးရရှိမယ့် အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။ ရော်ဂျာဖက်ဒါးရားနဲ့ မာရင်ချီလစ်တို့ရဲ့ ဗိုလ်လုပွဲစဉ်ဟာ ဇူလှိုင်လ(၁၆)ရက် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး 4TV မှာပါတဲ့ fox Sports ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

 

 

Related News