ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ခံစစ်ပိုင်းအတွက် ဘင်ဖီကာအသင်းမှ လူငယ် နောက်ခံလူ ဆီမီဒိုကို ခေါ်ယူခဲ့ပြီး (၃)နှစ်အတွင်းခံစစ်ကစားသမားတွေခေါ်ယူဖို့အတွက် ပြောင်းရွေ့ကြေး ယူရိုသန်း(၁၀၀)ကျော်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ယခုလက်ရှိနွေရာသီအပြောင်းအရွေ့ရဲ့ ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် ဘင်ဖီကာ လူငယ်ညာနောက်ခံလူ ဆီမီဒိုကို ပြောင်းရွေ့ကြေး ယူရိုသန်း(၃၀)နဲ့ ခေါ်ယူခဲ့ပါတယ်။
 
ဆီမီဒိုကိုခေါ်ယူခဲ့တာဟာ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဗယ်ဗာဒီရဲ့ ပထမဆုံးငွေကြေး သုံးစွဲကာ ခေါ်ယူခဲ့တဲ့အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းဟာ ဥရောပဘောလုံးလောကမှာ ထိပ်တန်းအဆင့်ဖြစ်ပေမယ့်  (၂၀၁၄)ခုနှစ်မှ စတင်ကာခံစစ်ပိုင်းအတွက် ပြောင်းရွေ့ကြေးမြင့်မားစွာသုံးစွဲခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ (၂၀၁၄)ခုနှစ်မှာ ဗာမယ်လန်၊ မက်သရူး၊ ဒေါက်ကလပ် တို့ကိုခေါ်ယူခဲ့ပြီး အဆိုပါ ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေး ယူရို(၅၂)သန်းထိသုံးစွဲခဲ့တာဖြစ်ပါတယ်။
 
(၂၀၁၅-၁၆) ဘောလုံးရာသီမှာတော့ ဆီဗီလာ အသင်းမှ အဲလက်စ်ဗီဒယ်ကို ပြောင်းရွေ့ကြေးယူရို(၁၉)သန်းနဲ့ခေါ်ယူခဲ့ပြီး၊ ပြီးခဲ့တဲ့(၂၀၁၆-၁၇)ဘောလုံးရာသီမှာ အမ်တီတီ၊ ဒစ်နေးတို့အတွက် ပြောင်းရွေ့ကြေး ယူရို(၄၁)သန်းအသုံးပြုကာခေါ်ယူခဲ့တာဖြစ် ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ (၂၀၁၄)ခုနှစ်မှ လက်ရှိ ဆီမီဒိုကိုခေါ်ယူပြီးချိန်ထိ ခံစစ် ကစားသမား(၈)ဦးအတွက် ပြောင်းရွေ့ကြေး ယူရို(၁၃၉)သန်းထိ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။
 
 

Related News