လီဗာပူးလ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီအစပွဲစဉ်မှာ ရလဒ်ကောင်းတွေရရှိခဲ့ပေမယ့် စက်တင် ဘာလအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာရုန်းကန်ခဲ့ရပြီး နိုင်ပွဲတွေပျောက်ဆုံးခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ရာသီအစပွဲစဉ်တွေမှာ နိုင်ပွဲတွေ ရရှိခဲ့ပေမယ့် စက်တင်ဘာလအတွင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးဝါးနေခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ သြဂုတ်လကအာဆင်နယ်အသင်းကို (၄)ဂိုး၊ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)နောက်ပိုင်း စက်တင် ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲပျောက်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မှာမန်စီးတီးအသင်းကို (၅)ဂိုး၊ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ်(၅)မှာလည်း ဘန်လေအသင်းကို (၁)ဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။
 
ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ဆီဗီးလားအသင်းနဲ့အိမ်ကွင်းမှာ(၂)ဂိုးစီသရေကျခဲ့ သလို လိဂ်ဖလားတတိယအဆင့်ပွဲစဉ်မှာ လက်စတာအသင်းကို (၂)ဂိုး၊ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူးလ်အ သင်းရလဒ်တွေဆိုးဝါးနေခဲ့ခြင်းရဲ့ အဓိကအချက်က ခံစစ်ပိုင်းအားနည်းချက်တွေ ကြောင့်ဖြစ်ပြီး ခံစစ်ကမလိုအပ်ပဲ ပေးဂိုးတွေခွင့်ပြုနေရပါတယ်။ ခံစစ်ပိုင်း ဆိုးရွားမှုကို ပရိသတ်တွေကစိတ်ပျက်နေပြီး နည်းပြဂျာဂျန်ကလော့အနေနဲ့ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂျာဂျန်ကလော့ဟာ အပြောင်းအရွှေ့မှာ အားနည်းချက်တွေရှိ နေတဲ့နောက်တန်းကို ဖြည့်တင်းဖို့မကြိုးစားပဲ တိုက်စစ်ပိုင်း ကိုသာ အားဖြည့်ခဲ့ပြီး အပြောင်းအရွှေ့ ပိတ်သိမ်းခါနီး အချိန်မှာ အသင်းနဲ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဆောက်သမ်တန် နောက်ခံလူဗန်ဒိုက်ကို မခေါ်ယူနိုင်ခဲ့ပဲ အာဆင်နယ်အသင်းတောင်ပံကစားသမား ချန်ဘာ လိန်းကိုခေါ်ယူခဲ့ပါတယ်။ 
 
 

Related News