ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှုးစီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲ(၄၀၀)မြောက်ပွဲအဖြစ် ပါဝင်ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်မှာ၊ သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ စံချိန်သစ်တွေထပ်မံရရှိခဲ့ပါတယ်။    ရီးရဲလ်မက်ဒရစ်အသင်းနဲ့ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)ကို ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး၊ ရီးရဲလ်မက်ဒရစ်အသင်းက (၃)ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲစဉ်မှာရီးရဲလ် မက်ဒရစ်အသင်းအတွက် သွင်းဂိုး(၂) ဂိုးသွင်းယူပေးခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဘ၀ပြိုင်ပွဲစုံ ပွဲ(၄၀၀)ပြည့်ချိန်မှာ ဂိုးသွင်းယူနိုင်တဲ့ စံချိန်တစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ပါဝင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဂျာမန်ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတွေနဲ့ အကြိမ်(၂၀) ရင်ဆိုင်ကစားခဲ့ရပြီး၊သွင်းဂိုး(၂၅) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးတွေထဲမှာ ဒေါ့မွန်အသင်းဘက်ကိုသွင်းယူခဲ့တဲ့ ဂိုးတွေကအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။  စီရော်နယ်ဒို ဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုရောက်ရှိခဲ့တဲ့ (၂၀၀၉-၂၀၁၀)ဘောလုံးရာသီမှစတင်ပြီး၊ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံပွဲ(၄၀၀)မှာ၊ သွင်းဂိုး (၄၁၁)ဂိုးသွင်း ယူနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးမှု (၁၂၅)ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒ့ါအပြင်ကစားသမား သက်တမ်းတစ်လျှောက် ပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာသွင်းဂိုး(၁၀၉)ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 

 

 

 

Related News