လတ်တလောတွင် တံကောက်ကြောဒဏ်ရာရရှိထားသည့် မန်ယူအသင်းမှ ကွင်းလယ်ကစားသမားပေါ့ဂ်ဘာသည် (၃) လထိအနားယူရမည်ဟူသောသတင်းများထွက်ပေါ်နေမှုအားနည်းပြဖြစ်သူမော်ရင်ဟိုကပယ်ချလိုက်ကြောင်းသိရှိရသည်။

ဘေဆယ်အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ၀ဲဘက်ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့သူပေါ့ဂ်ဘာသည် သီတင်းပတ် (၄) ပတ်မှ (၆) ပတ်အထိအနားယူရမည်ဟူသောခန့်မှန်းသတင်းများပေါ် ထွက်နေခြင်းဖြစ်သည့်အပြင် ဒဏ်ရာအခြေအနေမှာမျှော်မှန်းထားသည့်အတွက် ပိုမိုပြင်းထန်သဖြင့် သီတင်းပတ် (၆) ပတ်မှ (၁၂) ပတ်တိုင် အနားယူရနိုင်သည်ဟုလည်းဆန်းဒေးတိုင်းမ်သတင်းဌာနကထပ်မံဖော်ပြခဲ့ရာယင်းကိစ္စနှင့် ပတ် သက်ပြီးနည်းပြမော်ရင်ဟိုကအနားယူရမည့်ရက်အတိအကျအားမသိရှိသော်လည်း ယခုထွက်ပေါ်နေသောကောလာဟလသတင်းများအားလုံးမမှန်ကန်ကြောင်း၊ ယင်းပွဲစဉ်အပြီးစစ်ဆေးမှုပြုလုပ်ခဲ့ခြင်းမှာလည်း ကြွက်သားအခြေအနေနှင့် သွေးထွက်သည့်လက္ခဏာများကြောင့်သာဖြစ်ပြီးရက်အနည်းငယ်ထပ်မံစောင့်ကြည့်ပြီးစစ်ဆေးမှုရလဒ်များထွက်လာမှ အနားယူရမည့်ရက်အရေအတွက်အားအတိအကျသိရှိနိုင်မည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်ဟုသိရသည်။ 

 

 

Related News