မန်စီးတီးအသင်း နောက်ခံလူမန်ဒီဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ပွဲစဉ်(၆)ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိပြီး (၁)လခန့်အနားယူရတော့မှာဖြစ်ပါတယ်။နောက်ခံလူမန်ဒီဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ မိုနာကိုအသင်းမှ မန်စီးတီးအသင်းကို ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြောင်းရွှေ့ကတည်းက မိုနာကိုအသင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြောင့် မန်စီးတီး အသင်းကို ရောက်ရောက်ချင်းမှာ အသင်းနဲ့အတူ ပွဲထွက်မကစားခဲ့ရပဲ အနားယူခဲ့ရပြီး နောက်ပိုင်းပွဲတွေမှ ပါဝင် ကစားခွင့်ရရှိခဲ့ပါ တယ်။

လက်ရှိမှာလည်း ဒဏ်ရာပြဿနာ ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၆) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ခရစ္စတယ် ပဲလေ့စ်အသင်း တောင်ပံကစားသမား တောင်ဆန်ရဲ့ဖျက်ထုတ်မှုကြောင့် ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး တစ်လခန့် အနားယူရမှာ ဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမန်စီးတီးအသင်းရဲ့နောက်တန်းမှာ မန်ဒီအပြင် အသင်း ခေါင်းဆောင် ကွန်ပနီပါဒဏ်ရာရရှိနေတာဖြစ်ပြီး နည်းပြဂွါဒီယိုလာအနေနဲ့ ကျန်တဲ့ နောက်ခံလူတွေကို အလှည့် ကျပွဲထုတ်သွားဖွယ်ရှိနေပါတယ်။ မန်ဒီဟာ ဒဏ်ရာကြောင့် လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်ကြတဲ့ ချဲလ်ဆီး၊ စတုတ်စီးတီး၊ ဘန်လေအသင်းတို့နဲ့ ပွဲစဉ်တွေကို လွှဲချော်မှာ ဖြစ်တဲ့အပြင် ၀ုဗ်အသင်းနဲ့လိဂ်ဖလားပွဲစဉ်၊ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကိုပါ လွဲချော်ဖွယ်ရှိနေပါတယ်။

 

Related News