ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ နိုင်ပွဲဆက်ခဲ့ပြီး အုပ်စုတွင်းအမှတ် ပေးဇယားမှာ အသီးသီးဦးဆောင်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ ယနေ့မနက်အစောပိုင်းမှာ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရပြီး နှစ်သင်းစလုံး နိုင်ပွဲရယူနိုင်ခဲ့ကြပါတယ်။ ချဲလ်ဆီးအသင်းဟာ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရပြီး မိုရာတာ၊ဘတ်ရှုအာယီတို့ရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုး၊(၁)ဂိုးဖြင့် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ချေပဂိုး ကိုတော့ တိုက်စစ်မှူးဂရစ်ဇ်မန်းက သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးအသင်းဟာ (၂)ပွဲဆက်နိုင်ပွဲရရှိခဲ့တာကြောင့် အုပ်စု(ဃ)မှာ ရမှတ်(၆)မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
 
မန်ယူအသင်းကလည်း ဃှုဗ မော်စကိုအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရပြီး (၄)ဂိုး၊(၁)ဂိုးနဲ့ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ မန်ယူ အသင်းမှာ လူငယ်တိုက်စစ်မှူးဖြစ်တဲ့မာရှယ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း ပင်နယ်တီမှတစ် ဆင့်သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့သလို အသင်းဖော်လူကာကူနဲ့ အမ်ခီတာရန်တို့အတွက်လည်း ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက်ဂိုးတွေကိုတော့ လူကာကူ၊မာရှယ်နဲ့ အမ်ခီတာရန်တို့က သွင်းယူ ပေးခဲ့ကြပြီး နိုင်ပွဲဆက်ခဲ့တဲ့မန်ယူအသင်းဟာ အုပ်စု(ဗ)မှာ ရမှတ်(၆)မှတ်ဖြင့် အုပ်စုပထမနေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။ မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂) ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်ကလပ်တွေ ထဲမှ မန်စီးတီးအသင်းသာ ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်အသင်းက စပါးတပ် မော်စကိုအသင်းကို အဝေးကွင်းမှာ (၁)ဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။
 

Related News