နေမာဟာ အသင်းသစ်ဖြစ်တဲ့ပီအက်စ်ဂျီအသင်းနဲ့ အလျင်အမြန်အထိုင်ကျခဲ့ပြီး ဘာစီလိုနာ အသင်းမှာ ထက်ပိုမိုခြေစွမ်းပြ ကစားလာနိုင်တာဖြစ်ပါတယ်။ နေမာဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ နေမာအနေ နဲ့အသင်းသစ်မှာ အလျင်အမြန်အံဝင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းတိုက်စစ်မှာ အဓိကကစားသမား တစ်ဦးဖြစ်လာ ခဲ့ပါတယ်။ ယနေ့မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း သွင်းဂိုး(၁)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ဘိုင်ယန်မြူးနစ်အသင်းကို အဲဗက်စ်၊ကာဗာနီ၊နေမာ တို့ရဲ့သွင်းဂိုးတွေနဲ့ (၃)ဂိုး၊ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲ စုံ(၇)ပွဲပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အဆိုပါရလဒ်ဟာ ဘာစီလိုနာအသင်းနဲ့ စတင်ပွဲထွက် ကစားခဲ့စဉ်က ရလဒ်ထက် ပိုမိုကောင်းမွန်နေခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ စတင်ပွဲထွက်ခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲမှာ သွင်းဂိုး(၁)ဂိုးသာ ရရှိခဲ့တာဖြစ်ပါတယ်။ နေမာဟာ ပြင်သစ်လီဂူး အမှတ်ပေးပြိုင်ပွဲမှာ (၆)ပွဲပါဝင် ကစားခဲ့ပြီး (၄)ဂိုးအထိသွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်း(၂)ပွဲကစား (၂)ဂိုးသွင်းယူထား နိုင်ခဲ့ပါတယ်။ 

 

Related News