ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေဆိုးဝါးနေခဲ့တာကြောင့် နည်းပြ ဖြစ်သူအန်ဆယ်လော့တီကို ရာထူးမှထုတ်ပယ်ခဲ့ပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုနှစ်ရာသီမှာ ရလဒ်တွေထင်သလောက်ကောင်းမွန်ခြင်းမရှိပဲ နောက်ဆုံး(၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့အတွက် ယမန်နေ့က နည်းပြအန်ဆယ်လော့တီကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်(၂)ပွဲမှာ ဂျာမန်ဘွန်ဒက်လီဂါမှာ ၀ုဗ်ဘတ်အသင်းကို တစ်ဖက်(၂)ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ချန်ပီ ယံလိဂ်အုပ်စုပွဲစဉ်မှာလည်း ပီအက်စ်ဂျီအသင်းကို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အန်ဆယ်လော့တီနဲ့ ဆက်ဆံရေးအေးခဲခဲ့သလို သူတို့မျှော်မှန်း  ထားသလောက် ရလဒ်တွေကောင်းမွန်ခဲ့ခြင်းမရှိတာကြောင့်လည်း အန်ဆယ်လော့တီကို ရာထူး မှထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ယခင်နှစ် (၂၀၁၆-၂၀၁၇)ဘောလုံးရာသီကစတင်တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါဖလားနဲ့ ဂျာမန်စူပါဖလားရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ဥရောပအသင်းကြီး တော်တော်များများကို ကိုင်တွယ်ခဲ့ဖူးတဲ့ဝါရင့်နည်း ပြတစ်ဦးဖြစ်ပြီး ဂျူဗင်တပ်၊ အေစီမီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။

 

Related News