မန်ယူအသင်း၏ အားထားရသောတိုက်စစ်မှူးဖြစ်သူအီဘရာဟီမိုဗစ်ခ်ျသည် ၄င်း၏ ဒူးအရွတ်ဒဏ်ရာမှာသိသိသာသာပြန်လည်သက်သာလပြီဖြစ်သည့်အတွက် လာမည့်အောက်တိုဘာနောက်ဆုံးသီတင်းပတ်အတွင်းအသင်းနှင့်အတူလေ့ကျင့်ရေးပြန်ဆင်းနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ကနဦးကအီဘရာအနေဖြင့် လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလမှသာ ဘောလုံးပြန်လည်ကစားနိုင်လိမ့်မည်ဟုမန်ယူဆေးအဖွဲ့ကခန့်မှန်းထားသော် လည်းအီဘရာ၏ ဒဏ်ရာအခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့်အတွက် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ် များအမှီအသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည့်အခြေအနေများရှိလာပြီဖြစ်သည်။

အီဘရာသည် ယခုနှစ်ဧပြီလအတွင်းကယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ဒုတိယအကျော့၌ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာအရှင်းသက်သာပျောက်ကင်းစေရန် အတွက် ခွဲစိတ်မှုခံယူလိုက်ရသည့်အတွက် ယခုကဲ့သို့ကာလကြာရှည်အနားယူလိုက်ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အီဘရာဟီသည် တစ်ဦးတည်းလေ့ကျင့်ခန်းများဆောင်ရွက်လာနိုင်ပြီဖြစ်သည့်အပြင် ပြေးလွှားခြင်းနှင့် ဂိုးသွင်းခြင်းလေ့ ကျင့်ခန်းအချို့ကိုလည်းဆောင်ရွက်နိုင်ပြီဖြစ်သည်ဟုမန်ယူလေ့ကျင့်ရေးမှူးများကအတည်ပြုပြောကြားထားပြီဖြစ်သည်။

အီဘရာဟီအနေဖြင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများမှာ ၈၀ ရာခိုင်နှုန်းစိတ်ချရပြီဖြစ်ပြီးအစောဆုံးအနေဖြင့် လာမည့်နိုဝင်ဘာ လအတွင်းကျင်းပမည့် ပြိုင်ပွဲများ၌ ပြန်လည်ကစားနိုင်တော့မည်ဟုခန့်မှန်းရကြောင်းသိရသည်။ 

 

 

Related News