ဘာစီလိုနာတိုက်စစ်မှူးမက်စီနှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးစီရော်နယ်လ်ဒိုတို့၏ တစ်လသွင်းဂိုးစံချိန်ကိုစပါးအသင်းမှ တိုက်စစ်မှူးဟာရီကိန်းကလိုက်မှီသွားပြီဖြစ်ကြောင်းသိရသည်။

စပါးအသင်းကဟတ်ဒါစဖီးလ်အသင်းအား ၄ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်တွင် ဟာရီကိန်းကအသင်းအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ရာစက်တင်ဘာလအတွင်း ၄င်းသွင်းယူခဲ့သည့်သွင်းဂိုးစုစုပေါင်းမှာ (၁၃) ဂိုးရှိသွားခဲ့ပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းမှ တိုက်စစ်မှူးစီရော်နယ်လ်ဒိုသည်လည်း ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလကတစ်လအတွင်းသွင်းဂိုး (၁၃) ဂိုးသွင်းယူပေးနိုင်ခဲ့သလိုဘာစီလိုနာတိုက်စစ်မှူးမက်စီကလည်း ၂၀၁၂ ခုနှစ်၊ မတ်လကတစ်လအတွင်းသွင်းဂိုး (၁၃) ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောသြဂုတ်လကတိုက်စစ်မှူးဟာရီကိန်းသည် ဂိုးသွင်းနိုင်သည့် အခွင့်အ လမ်းများရှာဖွေနိုင်ခြင်းမရှိသည့်အတွက် ဖိအားများဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအနေအထားအရဟာရီကိန်းမှာကမ္ဘာ့အဆင့်မှီကစားသမားကောင်းတစ်ဦးဖြစ်လာပြီဟုစပါးအသင်း၏နည်းပြဖြစ်သူပိုချက်တီနိုကထောက်ခံပြောကြားလိုက်ကြောင်းသိရှိရသည်။ 

 

 

 

 

Related News