အာဂျင်တီးနားအသင်းအနေဖြင့် အမှတ်ပေးဇယား၏ အဆင့် (၆) နေရာတွင် ရပ်တည်နေသော်လည်းကမ္ဘာ့ဖလားခြေစစ်ပွဲအားအောင်မြင်ရန် ယုံကြည်ချက်ရှိကြောင်းနည်းပြဖြစ်သူဆမ်ပါအိုလီကပြောကြားလိုက်သည်ဟုသိရသည်။

နည်းပြဆမ်ပါအိုလီလက်ထက်တွင် အာဂျင်တီးနားအသင်းသည် ခြေစမ်းပွဲ (၂) ပွဲသာအောင်မြင်မှုရရှိထားပြီးကမ္ဘာ့ဖလားခြေစစ်ပွဲ (၃) ပွဲဆက်တိုက်တွင် သရေရလဒ်သာရရှိခဲ့သည့်အတွက် အဆင့် (၆) နေရာသို့ ကျဆင်းခဲ့ရခြင်းဖြစ် ရာနောက်ဆုံးပွဲစဉ်အတွက်လည်းအထူးရုန်းကန်ရတော့မည်ဖြစ်သည်။

သို့သော်လည်းဆမ်ပါအိုလီကအာဂျင်တီးနားအနေဖြင့် ယခုကစားသွားခဲ့သည့် ယုံကြည်မှုအတိုင်းရှေ့ဆက်ကစားမည်ဆိုပါကကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရရှိလိမ့်မည်ဟုယုံကြည်ကြောင်း၊ လက်ရှိအခြေအနေအားစိတ်ကျေနပ်မှုရှိကြောင်း၊ ပီရူးအသင်းအားအနိုင်မရရှိခဲ့ သော်လည်းအသင်း၏ခြေစွမ်းပိုင်းမှာအပြတ်အသတ်အသာရရှိပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

အာဂျင်တီးနားအနေဖြင့် နောက်ဆုံးပွဲစဉ်တွင် အမှတ်ပေးဇယားအဆင့် (၈) နေရာရှိအီကွေဒေါနှင့် အဝေးကွင်းကစားရမည်ဖြစ်ကာယင်းပွဲတွင် အနိုင်ရရှိမှသာခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်နိုင်လိမ့်မည်ဟုသိရသည်။ 

 

 

Related News