ဘာစီလိုနာအသင်းသည် အသင်းခေါင်းဆောင်အင်နီယေစတာနှင့် ၄င်း၏ကစားသမားဘ၀ ကုန်ဆုံးသည်အထိ ဆက်လက်လက်တွဲနိုင်မည့် တစ်သက်တာသက်တမ်းတိုးစာချုပ်အား သဘောတူလက်မှတ်ရေးထိုး လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အသက် (၃၃) နှစ်အရွယ်ရှိ အင်နီယေစတာသည် ၄င်းအသက် (၁၂) နှစ်အရွယ်ကတည်း က ဘာစီလိုနာအကယ်ဒမီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ၄င်း၏ကစားသမားသက်တမ်းတစ်လျှောက် ဘာစီလိုနာအသင်း တစ်သင်းတည်းတွင်သာ ကစားဖူးခဲ့သည်။ ဘာစီလိုနာအသင်းနှင့်အတူ ပြိုင်ပွဲစုံ (၆၃၉) ပွဲပါဝင်ကစားခဲ့ပြီး သွင်းဂိုးပေါင်း (၅၅) ဂိုးအထိ သွင်းယူပေးခဲ့သည်။

ဘာစီလိုနာနှင့် အင်နီယေစတာတို့အကြား စာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ရာ ယခုကဲ့သို့ တစ်သက်တာသက်တမ်းတိုးစာချုပ်အား ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ ယင်းစာချုပ်အရ အင်နီယေစတာ၏ ကစားသမားဘ၀ကုန်ဆုံးသည်အထိ ဘာစီလိုနာအသင်းနှင့်သာ လက်တွဲသွားရမည်ဖြစ်သည်ဟု သိရ သည်။

စပိန်နိုင်ငံဖွားအင်နီယေစတာက ကာတာလိုနီးယားလွတလပ်ရေးပဋိပက္ခနှင့် ပတ်သက်၍ ထိခိုက်နာကျင်မှုများ ထပ် မံမဖြစ်ပွားစေရန် တာဝန်ရှိသူများအနေဖြင့် ဆွေးနွေးညှိနှိုင်းသင့်သည်ဟုလည်း အကြံပြုပြောကြားခဲ့သည်ဟု သိရှိရသည်။ 

 

 

Related News