ကမ္ဘာ့အဆင့် (၈၁) နေရာကိုရောက်ရှိနေတဲ့ ကနေဒါတင်းနစ်မယ် ဘူချက်ဒ်ကတော့ လက်ရှိမှာအိုင်ယာလန်နိုင်ငံကို သူ့ရဲ့မိသားစုအချို့နဲ့ အလည်အပတ်ခရီးရောက်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိစင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ WTA Finals 2017  ပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာမှာ ကနေဒါတင်းနစ်မယ် ဘူချက်ဒ်အနေနဲ့ လက်ရည် စစ်ပွဲကိုအောင်မြင်ခဲ့ခြင်းမရှိခဲ့တာ ကြောင့် ပြိုင်ပွဲကိုဝင်ရောက်ခွင့်ရရှိခြင်း မရှိခဲ့တာဖြစ်ပါတယ်။
 
သူမဟာ အဆိုပါပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်မ ရရှိခဲ့တာကြောင့် အိုင်ယာလန်နိုင်ငံကို သူမရဲ့မိသားစုနဲ့အတူ အလည်ပတ်ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက်(၂၃)နှစ် အရွယ်သာရှိသေးပြီး၊ ရုပ်ရည်ချောမောပြေပြစ်တာကြောင့် လူအများရဲ့ အာရုံစူးစိုက်မှုတွေကို အပြည့်အ၀ရရှိနေပေမယ့်လည်း တင်းနစ်ပြိုင်ပွဲတွေမှာတော့ ထင်သလောက်အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခြင်းမ ရှိသေးတာဖြစ်ပါတယ်။
 
ဒါ့အပြင်ဘူချက်ဒ်ဟာ ကွင်းတွင်းစွမ်းဆောင်ရည်တွေထက် ကွင်းပြင်ပလူနေမှုပုံရိပ်တွေ ကိုအတော်လေးအာရုံစိုက်လေ့ရှိတာကြောင့် ကျွမ်းကျင်သူအများစုရဲ့ ဝေဖန်မှုတွေကိုခံနေရပြီး၊ အသက် (၂၃) နှစ်အရွယ်သာရှိသေးတဲ့သူမအတွက် လက်ရှိအသက်အရွယ် ဟာ ကြိုးစားမှုအပြည့်အ၀ရှိရမယ့်အသက်အရွယ် တစ်ခုဖြစ်ပေမယ့်လည်း ထင်သလောက်ကြိုးစားမှု မရှိတာဖြစ်ပါတယ်။
 
ဒါ့အပြင်သူမဟာ အိုင်ယာလန်နိုင်ငံကို ရောက်ရှိနေချိန်မှာ လူမှုကွန်ယက် ၀က်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ Instagram မှာတင်ခဲ့တဲ့ပုံရိပ်အချို့ဟာ အတော် လေးကိုဝေဖန်ချင် စရာကောင်းခဲ့ပြီး၊ ပြင်ပလူနေမှုပုံစံဟာ အခြားသောတင်းနစ်မယ်တွေထက် ဝေဖန်မှုအများအ ပြားနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဘူချက်ဒ်ဟာ တင်းနစ်မယ်ဘ၀မှာ လုံလောက်တဲ့ အောင်မြင်မှုတွေကိုဆွတ် ခူးနိုင်ခြင်းမရှိသေးပဲ၊ ဂရမ်းဆလန်းပြိုင်ပွဲ (၄) ခုမှာ အမြင့်ဆုံးအောင်မြင်မှု အဖြစ် ပြိုင်ပွဲကိုဗိုလ်လုပွဲအဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ဖူးတာဖြစ်ပါတယ်။
 
သူမအနေနဲ့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ သူမရဲ့စိတ်နေစိတ်ထားကိုဖော်ပြခဲ့ ရာမှာတော့ (၂၀၁၇) ခုနှစ်အတွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ မျှော်မှန်းထားခဲ့တဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခြင်းမရှိခဲ့တာကြောင့် စိတ်မကောင်းဖြစ်မိပေမယ့်လည်း လက်ရှိမှာတော့ မိသားစု ကိုအချိန်ပေးပြီး (၂၀၁၇) ခုနှစ်ကို ပျော်ရွှင်မှုတွေနဲ့နှုတ်ဆက်သွားမှာဖြစ်ကြောင်းနဲ့ လာမယ့် (၂၀၁၈) ခုနှစ်အစ မှာကျင်းပပြုလုပ်မယ့် သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ အကောင်းမွန်ဆုံး ပုံစံတစ်ခုကိုပြသနိုင်ဖို့အတွက် လေ့ကျင့် ပြင်ဆင်မှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
 
 

Related News