နည်းပြကြီးဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ယူအသင်းဟာ အပြောင်းအလဲများစွာ ပြုလုပ်ထားခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုကို တစ်ဖန်ပြန်လည်ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ 
မန်ယူအသင်းရဲ့ ဂန္တ၀င်နည်းပြကြီးဖာဂူဆန်ဟာ မန်ယူအသင်းအတွက် နောက်ဆုံးအမှတ်ပေး ချန်ပီယံ ဆုကို (၂၀၁၂-၂၀၁၃)ဘောလုံးရာသီမှာ ရယူပေးပြီးနောက် နည်းပြဘ၀မှအနားယူကြောင်း ကြေညာခဲ့ပါတယ်။
 
နောက်ပိုင်းမှာတော့ မန်ယူအသင်းဟာ နည်းပြအပြောင်းအလဲများစွာနFA ဖလား၊လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား တို့ကိုရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုနဲ့တော့ ဝေးကွာနေခဲ့ရပါတယ်။ မန်ယူအသင်းဟာ နည်းပြဖာဂူဆန်နောက်ပိုင်း ကစားသစ်ခေါ်ယူဖို့အတွက် အသုံးစရိတ်များစွာအသုံးပြုထားခဲ့ပေမယ့် အမှတ်ပေး ချန်ပီဆုကို ပြန်လည်ဆွတ်ခူးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေဆဲပါတယ်။
 
ဖာဂူဆန်နောက်ပိုင်း မန်ယူအသင်း ဟာ ကစားသမားခေါ်ယူမှုအတွက် ပေါင်သန်း(၆၃၀)အထိ အသုံးပြုထားတာဖြစ်ပြီး နည်းပြနေရာအတွက်လည်း နည်းပြ(၃)ဦးအထိအပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ဖာဂူဆန်နောက်ပိုင်း ပထမဦးဆုံး နည်းပြဖြစ်တဲ့ ဒေးဗစ်မိုယက် လက်ထက်မှာတော့ မန်ယူအသင်းဟာ ပေါင်(၆၄.၆) သန်းသာ အသုံးပြုထားခဲ့ပြီး ဖယ်လိုင်နီနဲ့မာတာတို့ (၂)ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပါတယ်။ ဒုတိယမြောက် နည်းပြဖြစ်တဲ့ ဗန်ဟားလက်ထက်မှာ ကစားသမား ခေါ်ယူမှု အများအပြားပြုလုပ် ထားခဲ့တာတွေ့ရပြီး ဟာရဲရား၊ လုခ်ရှော၊ ဒီမာရီယာ၊ ဒီပေး၊ ရှဝိန်းစတိုင်ဂါနဲ့ ရှနိုက်ဒါလင်အစရှိတဲ့ ကစားသမား(၁၄)ဦးအထိ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
 
ဗန်ဟားလက်ထက်မှာ မန်ယူ အသင်းဟာ ကစားသမားခေါ်ယူမှု အတွက် ပေါင်(၂၇၆.၆)သန်းအထိ အသုံးပြုခဲ့ပေမယ့် FA ဖလားတစ်လုံးသာ ရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိ နည်းပြမော်ရင်ဟိုလက်ထက်မှာတော့ ကစားသမားအပြောင်း အရွှေ့အတွက် ငွေသုံးအများဆုံးဖြစ်ခဲ့ပြီး ပေါင် (၂၈၆)သန်းအထိ အသုံးပြုခဲ့ပါတယ်။ မော်ရင်ဟိုလက်ထက်(၂၀၁၆-၂၀၁၇)ရာသီမှာ မန်ယူအသင်းအနေနဲ့ ယူရိုပါလိဂ်ဖလား၊ ကွန်မြူနတီဒိုင်းနဲ့ လိဂ်ဖလား တို့ကိုဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရာသီကုန်မှာအဆင့် (၆)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
 
 
 

Related News