မာဆေးလ်အသင်း နောက်ခံလူအီဗရာဟာ နိုဝင်ဘာလ(၂)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မတိုင်ခင် အသင်းပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရ တာဖြစ်ပါတယ်။ အီဗရာဟာ ယူရိုပါလိဂ်အုပ်စုပွဲစဉ်ဖြစ်တဲ့ ဗစ်တိုးရီးယားဂူမာရက်အသင်းနဲ့ ပွဲစဉ်မစတင်မီ မိမိအသင်းပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက်ကန်ကြောက်ခဲ့တာကြောင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေပါ ပေးဆောင်ရမှာဖြစ်ပါတယ်။
 
သူ့အနေနဲ့ အဆိုပါပြစ်ဒဏ်ကြောင့် (၇)လပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး ဒဏ်ငွေ ယူရို(၁)သောင်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အီဗရာဟာ (၂၀၁၇)ခုနှစ်၊ဇန်န၀ါရီလက ဂျူဗင်တပ်အသင်းမှ မာဆေးလ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့(၁)နှစ် ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
 
(၇)လပွဲပယ်ပြစ်ဒဏ်ပြီးဆုံးချိန်မှာ အီဗရာဟာ မာဆေးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်မှာ ဖြစ်တာကြောင့် မာဆေးလ်အသင်းထံမှလည်း ထွက်ခွာခဲ့ပါ တယ်။ အသက်အရွယ်ရလာတဲ့ ၀ါရင့်နောက်ခံလူအီဗရာဟာ မာဆေးလ်အသင်းမှာ လူစားဝင်ကစားသမား အဖြစ်သာရှိနေခဲ့ပြီး အသင်းနဲ့အတူ ယခုနှစ်ဘောလုံးရာသီမှာ တစ်ပွဲသာပွဲထွက်ခွင့် ရရှိထားတာဖြစ်ပါတယ်။ 
 
 
 

Related News