ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးမက်ဆီဟာ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီအတွက် လိဂ်ပြိုင်ပွဲသွင်း ဂိုး (၃၇) ဂိုးအထိသွင်းယူပြီး ဥရောပရွှေဖိနပ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။တိုက်စစ်မှူးမက်ဆီအနေနဲ့ မနှစ်က (၂၀၁၆-၂၀၁၇) ဘောလုံးရာသီ လာလီဂါပွဲစဉ်တွေမှာ ဘာစီလိုနာ အသင်းအတွက်သွင်းဂိုးများစွာရယူနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ယခင်နှစ်ဘောလုံး ရာသီမှာ လာလီဂါသွင်းဂိုး(၃၇)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပလိဂ်တွေမှာ သွင်းဂိုးအများဆုံးကစားသမား အဖြစ်နဲ့ (၂၀၁၆-၂၀၁၇)ဘောလုံးရာသီအတွက် ဥရောပရွှေဖိနပ်ဆုကိုရယူနိုင်ခဲ့ပါတယ်။
 
မက်ဆီအနေနဲ့ အဆိုပါ ဆုကို(၄)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး သူရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့စံချိန်ကို မီသွားခဲ့ပါ တယ်။ဥရောပရွှေဖိနပ်ဆုကို ဘာစီလိုနာအသင်းရဲ့ကစားသမားတွေကပဲ (၂)နှစ်ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်ပြီး (၂၀၁၅-၂၀၁၆)ဘောလုံးရာသီအတွက် ဥရောပရွှေဖိနပ်ဆုကိုလည်း မက်ဆီရဲ့အသင်းဖော်ဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
 
ထူးခြားမှုအနေနဲ့ (၂၀၁၅-၂၀၁၆)ဘောလုံးရာသီ ဥရောပရွှေဖိနပ်ဆုကို ဆွာရက်ဇ်လက်ခံရယူစဉ်က မက်ဆီကဆုပေး အပ်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ယခုနှစ်မက်ဆီရယူနိုင်ခဲ့တဲ့ဥရောပရွှေ ဖိနပ်ဆုကိုတော့ ဆွာရက်ဇ်က ပေးအပ်ချီးမြှင့်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိဥရောပရွှေဖိနပ်ဆုကို အများဆုံး ဆွတ်ခူးထားခဲ့တဲ့ ကစားသမားတွေကတော့ မက်ဆီနဲ့စီရော်နယ်ဒိုတို့ဖြစ်ကြပြီး အဆိုပါဆုကို (၄)ကြိမ်အထိရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းမှ ကစားသမားတွေက (၆)ကြိမ်နဲ့အများဆုံး ဆွတ်ခူးထားတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှ(၄)ကြိမ်နဲ့ ဒုတိယအများဆုံး ဆွတ်ခူးထားတာဖြစ်ပါတယ်။
 
 
 

Related News