ကမ္ဘာ့ဘောလုံးအကျော်အမော်ရီးရဲလ်မက်ဒရစ်စတားစီရော်နယ်လ်ဒိုကကျောနံပတ် (၇) ၀တ်စုံအား ၀တ်ဆင်ရသည်ကို နှစ်သက်သူဖြစ်သလို ၄င်း၏အမှတ်တံဆိပ်အဖြစ် CR7 ကိုတရှိုက်မက်မက်သုံးစွဲသူလည်းဖြစ်ကာ (၇) ဂဏန်းအားအထူးနှစ်သက်သူဖြစ်ရာ ၄င်း၏ပုဂ္ဂိုလ်ရေးရအရရည်မှန်းချက်မှာလည်းဘလွန်းဒီအောလ်ထူးချွန်ဆု (၇) ဆုအ ပြင် ရင်သွေး (၇) ဦးကိုလည်းရရှိလိုသည်ဟုဖွင့်ဟလိုက်ကြောင်းသိရသည်။

လက်ရှိတွင် သားသမီး (၄) ဦးရှိသူစီရော် နယ်လ်ဒိုက (၅) ကြိမ်မြောက်ဘလွန်းဒီအောလ်ဆုကိုလည်းရယူနိုင်မည်ဟုမျှော်လင့်ကြောင်း၊ လာမည့်နှစ်တွင်လည်းနောက်ထပ်ထူးချွန်ဆုတစ်ခုထပ်မံရရှိရန်အတွက်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်းဆိုသည်။

လက်တလောတွင် စီရော် နယ်လ်ဒို၏ ချစ်သူဂျော်ဂျီနာရိုဒရီဂွိုက်ဇ်သည် သိပ်မကြာသေးခင်ကမှ စတုတ္ထမြောက်ရင်သွေးငယ်အားမွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်လ်ဒိုအနေဖြင့် နောက်ထပ်ရင်သွေး (၃) ဦးနှင့် ဘလွန်းဒီအောလ်ဆု (၇) ဆုပြည့်မီအောင် ဆွတ်ခူးလို ခြင်းမှာ ၄င်းဘ၀အတွက် ရည်မှန်းချက်ဖြစ်သည်ဟုပြောကြားခဲ့ကြောင်းသိရသည်။ 

 

 

Related News