ကမ္ဘာ့လစာအများဆုံးပေးချေနေရတဲ့ အသင်းများကို ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ ထိပ်ဆုံး(၁၀)သင်းမှာ NBA ဘတ်စကက်ဘောအသင်းတွေ အများဆုံးပါဝင်ခဲ့ပြီး ဘောလုံးအသင်း (၃)သင်းသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ဘောလုံးအားကစားဟာ ကမ္ဘာပေါ်မှာလူကြိုက်အများဆုံး အားကစားနည်းဖြစ်သလို အအောင်မြင်ဆုံး အားကစားနည်းလည်းဖြစ်ပေမယ့် ကမ္ဘာ့လစာအများဆုံးပေးချေနေရတဲ့ အားကစားအသင်းတွေထဲမှာတော့ ဘတ်စကတ်ဘောအသင်းတွေသာ စိုးမိုးနေတာဖြစ်ပါတယ်။ကမ္ဘာ့လစာအများဆုံးပေးချေနေရတဲ့ ထိပ်ဆုံး အားကစားအသင်း (၁၀)သင်းစာရင်းမှာတော့ ဘောလုံးကလပ်အသင်း(၃)သင်းသာ ပါဝင်ခဲ့တာဖြစ်ပြီး ကျန်တဲ့ အသင်း(၇)သင်းဟာ ဘတ်စကတ်ဘောအသင်းတွေဖြစ်ကြပါတယ်။
 
ထိပ်ဆုံး(၁၀)သင်းမှာ ပါဝင်ခဲ့တဲ့ဘောလုံး အသင်း(၃)သင်းကတော့ လက်ရှိ(၂၁)ရာစုဘောလုံးလောကမှာ တန်ဖိုးအမြင့်ဆုံးနဲ့ ကစားသမားအင်အား အတောင့်တင်းဆုံးဖြစ်ကြတဲ့ဘာစီလိုနာအသင်း၊PSG အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဖြစ်ကြပြီး ဘာစီလိုနာ အသင်းက နံပါတ်(၄)နေရာ၊ PSG အသင်းက နံပါတ်(၅)နေရာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက နံပါတ်(၉)နေရာတို့ မှာအသီးသီး ရပ်တည်နေကြတာဖြစ်ပါတယ်။ ကျန်တဲ့(၇)သင်းနေရာမှာတော့ NBA ဘတ်စကတ်ဘောအသင်း တွေသာရှိနေကြပြီး ယခုစာရင်းမှာပါဝင်ခဲ့တဲ့ ဘောလုံးအသင်း(၃)သင်းဟာလည်း ယခုနှစ်(၂၀၁၇)မှထိပ်ဆုံး (၁၀)သင်းကို တက်လှမ်းလာတာဖြစ်ပါတယ်။
 
 
 

Related News