စပါးအသင်းမှာခြေစွမ်းပြကစားနေခဲ့တဲ့ တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်ဟာ (၂၀၁၇) ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဥရောပအခြေစိုက် အာရှကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်အနေနဲ့  စပါးအသင်းကို မနှစ်က(၂၀၁၆-၂၀၁၇) ပရီးမီးယားလိဂ်ရာသီကုန်မှာအဆင့် (၂)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းအ တွက်လည်း ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းအတွက် ကမ္ဘာ့ ဖလားခြေစစ်ပွဲအောင်ဖို့အတွက် အကောင်းဆုံးစွမ်းဆောင် ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်သလို ပရီးမီးယား လိဂ်မှာလည်း အလျင်အမြန်ထွန်း တောက်လာခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
 
ဥရောပအခြေစိုက် အာရှအကောင်းဆုံး ကစားသမားဆုဟာ နိုင်ငံအသင်းအတွက်ရော၊ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြကစားနိုင် ခဲ့တဲ့ကစားသမားကို ရွေးချယ်ပေးအပ်တာဖြစ်ပြီး ယခုလိုကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အကောင်းဆုံးကစားပေးနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်က (၂၀၁၇)ခုနှစ်အတွက် ဥရောပ အခြေစိုက် အာရှအကောင်း ဆုံးကစားယသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အဆိုပါဆုကို ဒေါ့မွန်အသင်းရဲ့ဂျပန်ကွင်း လယ်လူ ကာဂါဝါနဲ့ ဟတ်ဒါဖီးတောင်း အသင်းရဲ့ သြစတြေးလျကွင်းလယ်လူ အာရွန်မွိုင်းတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
 
 

Related News