အဲဗာတန်အသင်းဟာ အသင်းရဲ့လစ်လပ်နေတဲ့နည်းပြရာထူးနေရာကို အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်ကို ခန့်အပ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ယခုနှစ်ရာသီအစမှာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့တာကြောင့် အဲဗာတန်အသင်းဟာ နည်းပြရော်နယ်ကိုး မန်းကိုထုတ်ပယ်ခဲ့ပါတယ်။ ရော်နယ်ကိုးမန်းရဲ့နေရာမှာ ယူ-၂၃ နည်းပြဒေးဗစ်အန်းဆော့ကို ယာယီနည်းပြအ ဖြစ်ကိုင်တွယ်စေခဲ့ရာမှ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ အတွေ့အကြုံရင့်နည်းပြတစ်ဦးဖြစ်တဲ့ ဆမ်အလာ ဒိုက်စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။အသက် (၆၃) နှစ်ရှိပြီဖြစ်တဲ့ နည်းပြဆမ်အလာဒိုက်စ်ဟာ ပရီးမီး ယားလိဂ်ရဲ့သမ်းတမ်း ရင့်နည်းပြတစ်ဦးဖြစ်ပြီး၊ ဘော်လ်တန်၊ နယူးကာဆယ်၊ ဘလက်ဘန်း၊ ၀က်စ်ဟမ်း၊ ဆန်း ဒါးလန်းအသင်းနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ကိုကိုင်တွယ်ခဲ့ဖူးတာဖြစ်ပါတယ်။
 
နည်းပြသက်တမ်းတစ် လျှောက် ပရီးမီးယားလိဂ်ပွဲပေါင်း (၄၈၈) ပွဲအထိနည်းပြခဲ့ဖူးပြီး (၁၆၅) ပွဲနိုင်၊(၁၃၁) ပွဲသရေ၊(၁၉၂) ပွဲရှုံးရလဒ်နဲ့ နိုင်ပွဲရရှိမှုရာခိုင်နှုန်း (၃၃.၈) ရာခိုင်နှုန်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့နည်းပြ တစ်ဦးလည်းဖြစ်ပါတယ်။ဆမ်အ လာဒိုက်စ်ဟာ အဲဗာတန်အသင်းနဲ့ (၂) နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး၊ တစ်နှစ်ကိုလစာပေါင် (၅) သန်းကျော်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိလစာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီနဲ့ PSG အသင်းနည်းပြ အူနိုင်းအမ်မရီတို့ထက် ပိုမိုများပြားတဲ့လစာဖြစ်တယ်လို့လည်း ပြည်ပမီဒီယာ တွေကဖော်ပြခဲ့ကြပါတယ်။
 
 
 

Related News