မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ မန်ယူနည်းပြဘ၀မှာ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ အဝေးကွင်းပွဲစဉ်တွေမှာ နိုင်ပွဲလုံးဝမရရှိခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းနည်းပြမော်ရင်ဟိုအနေနဲ့ မန်ယူအသင်းကိုစတင်ကိုင်တွယ်ခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီမှ စတင်ပြီး၊ ယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) ပွဲကစားပြီးချိန်အထိ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ကစားတဲ့ပွဲစဉ်တိုင်းမှာ ရလဒ်တွေဆိုးရွားခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းဟာ ယခင်နှစ်ဘောလုံးရာသီက ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်ဆီး၊အာဆင်နယ်၊ လီဗာပူးလ်၊မန်စီးတီး၊စပါးအသင်းတို့နဲ့ အဝေးကွင်း ပွဲစဉ်တွေ ရင်ဆိုင်ကစားခဲ့ရာမှာ နိုင်ပွဲတစ်ပွဲမှမရရှိခဲ့ဘဲ (၄)ပွဲရှုံး (၂)ပွဲသရေရလဒ်ကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပါ တယ်။
 
(၂၀၁၆) ခုနှစ်၊အောက်တိုဘာလ (၂၃) ရက်နေ့က ချယ်ဆီးအသင်းကိုအဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ (၄) ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို၊ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ (၂) ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ စပါးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း (၂) ဂိုး (၁) ဂိုးနဲ့ထပ်မံရှုံးနိမ့်ခဲ့ပြီး၊ မန်စီးတီးအသင်းနဲ့လီဗာပူးလ်အသင်းတို့နဲ့ အဝေး ကွင်းပွဲစဉ်တွေမှာတော့ သရေရလဒ်ထွက်ပေါ်အောင်သာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၇) ခုနှစ်၊ မတ် လ (၁၃) ရက်နေ့က င်္ဗ ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ အဝေး ကွင်းပွဲ စဉ်မှာလည်း (၁) ဂိုး၊ ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။
 
မန်ယူနည်းပြမော်ရင်ဟို အနေနဲ့ ယခင်နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ အဝေးကွင်းပွဲစဉ် (၆) ပွဲရင်ဆိုင်ကစားခဲ့ရာမှာ နိုင်ပွဲမရ ရှိခဲ့တဲ့အပြင် အဆိုပါ (၆) ပွဲမှာ ပေးဂိုး (၉) ဂိုးအထိခွင့်ပြုခဲ့ရပြီး၊ သွင်းဂိုး (၁) ဂိုးသာရရှိအောင်စွမ်းဆောင် နိုင်ခဲ့တာကလည်းဆိုးရွားတဲ့မှတ်တမ်းတစ်ရပ်ဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ထိပ် သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ ချယ်ဆီး အသင်းတို့နဲ့ အဝေးကွင်းပွဲစဉ်တွေကစားခဲ့ရာမှာ သွင်းဂိုး (၁) ဂိုးမှ သွင်းယူနိုင်ခြင်းမရှိခဲ့တဲ့အပြင် (၁) ပွဲရှုံး (၁) ပွဲသရေရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
 
ဒီဇင်ဘာလ (၃) ရက်နေ့မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)အဖြစ် အာဆင်နယ်အသင်းရဲ့အိမ်ကွင်းကိုသွားရောက်ကစားရမှာ ဖြစ်ပြီး၊ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ ရမှတ် (၁၁) မှတ်အထိကွာ ဟသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်အဆိုပါပွဲစဉ်တွေအပြီးမှာ ဃှုဗ မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ မန်စီးတီးအသင်းနဲ့အိမ်ကွင်းပွဲစဉ်တို့ကိုထပ်မံကစားရဦးမှာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အာဆင်နယ်၊ မန်စီးတီးအ သင်းတို့နဲ့ပွဲစဉ်တွေမှာအနိုင်မရရှိခဲ့ပါက အမှတ်ပေးဇယားအဆင့် (၄) နေရာလောက်အထိ ကျဆင်းသွားမှာဖြစ်ပြီး အဆင့်(၁)နေရာမှ မန်စီးတီးအသင်းနဲ့ ရမှတ်ကွာဟမှုပိုမိုကြီးမားသွားမှာလည်း ဖြစ်ပါတယ်။
 
 
 

Related News