(၂၀၁၈)ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်များကို မနေ့ကမဲခွဲရွေးချယ်ခဲ့ရာမှာ ပေါ်တူဂီ အသင်းနဲ့ စပိန်အသင်း၊ အင်္ဂလန်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ တစ်အုပ်စုတည်း ကျရောက် နေပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(A) မှာ ဥရုဂွေး၊ အီဂျစ်၊ ဆော်ဒီအာရေးဗျနဲ့ ရုရှားအသင်းတို့ တစ်အုပ်စု တည်းကျရောက်ခဲ့ပြီး ဥရုဂွေးအသင်းအတွက်ကတော့ နောက်တစ်ဆင့်တက်ဖို့ လွယ်ကူနိုင်ပေမယ့် အီဂျစ်၊ ဆော်ဒီအာရေးဗျအသင်းကတော့ နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ အုပ်စု(B)မှာတော့ ပေါ်တူဂီအသင်းနဲ့စပိန်အသင်းတို့ တစ်အုပ်စုတည်းကျရောက်နေခဲ့ တာဖြစ်ပြီး အဆိုပါအသင်းတွေနဲ့ အတူကျရောက်ခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ အီရန်အသင်းတို့ကတော့ အုပ်စု အဆင့်မှတက်ရောက်နိုင်ဖို့ ရုန်းကန်ရမှာဖြစ်ပါတယ်။
 
အုပ်စု(C)မှာကျရောက်နေတဲ့ ပြင်သစ်အသင်းကတော့  သြစတြေးလျ၊ ပီရုး၊ ဒိန်းမတ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာကြောင့် နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိနေခဲ့ပြီး အုပ်စု(D)မှာ အိုက်စ်လန်၊နိုင်ဂျီးရီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေ တဲ့အာဂျင်တီးနားအသင်းနဲ့ ခရိုအေးရှားအသင်းတို့ကတော့ အုပ်စုဗိုလ်နေရာအတွက်သာ ယှဉ်ပြိုင်ကစားရဖို့ရှိ နေပါတယ်။ အုပ်စု(E)မှာ ဆွစ်ဇာလန်၊ခရိုအေးရှား၊ ဆားဗီးယားအသင်းတို့နဲ့ ကျရောက်နေတဲ့ဘရာဇီးလ် အသင်း၊ အုပ်စု(F)မှာ မက္ကဆီကို၊ဆွီဒင်၊ တောင်ကိုရီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ဂျာမနီ အသင်းတို့ကတော့ ရှုံးထွက်အဆင့်ကိုတက်ဖို့သေချာသလောက်ရှိနေတာဖြစ်ပါတယ်။
 
ဘယ်ဂျီယံအသင်းနဲ့ အင်္ဂလန်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ အုပ်စု(G)မှာတော့ ပနားမားအသင်းနဲ့တူနီးရှားအသင်းတို့ပါဝင်နေ ပါတယ်။ အုပ်စု(H)မှာ ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာနဲ့ ဂျပန်အသင်းတို့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ် ပြီး ရုရှားနိုင်ငံမှာ ကျင်းပမယ့် (၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေကို လာမယ့်နှစ် ဇွန်လအတွင်းမှာ ယှဉ်ပြိုင်ကစား ကြမှာဖြစ်ပါတယ်။
 
 
 

Related News