စီးရီးအေပွဲစဉ်(၁၅)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ နာပိုလီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက နာပိုလီအသင်းကို အနိုင်ရရှိခဲ့ပြီး နာပိုလီအသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ နာပိုလီအသင်းဟာ ယခုဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီ စီးရီးအေရှုံးပွဲ မရှိစံချိန် ကျိုးပျက်သွားခဲ့ပြီး (၂)သင်ကြားရမှတ်ကွာဟမှုကလည်း (၁)မှတ်သာရှိတော့ တာဖြစ်ပါတယ်။
 
စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့်(၁)နဲ့(၂)နေရာတွေမှာ ရပ်တည်နေကြတဲ့ နာပိုလီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာစီးရီးအေပွဲစဉ်(၁၅)အဖြစ် နာပိုလီအသင်းရဲ့အိမ်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဂျူဗင်တပ်အသင်းက ဟီကူအင်ရဲ့သွင်းဂိုးနဲ့ (၁)ဂိုး၊ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပါတယ်။ နာပိုလီအသင်းဟာ ယခုနှစ်ဘောလုံး ရာသီစီးရီးအေပွဲစဉ်(၁၄)ပြီးဆုံးချိန်အထိ ရှုံးပွဲမရှိအောင်ကစားထားပြီး ပွဲစဉ်(၁၄)ပွဲမှာ (၁၂)ပွဲအထိအနိုင်ရရှိခဲ့ကာ (၂)ပွဲသာသရေရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း နာပိုလီအသင်းရဲ့ရှုံးပွဲမရှိစံချိန်ဟာ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ ရပ်တန့်သွားခဲ့ရပါတယ်။
 
 
 

Related News