ချယ်ဆီးအသင်းရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒေးဗစ်လူးဝစ်ဟာ ဒူးဒဏ်ရာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့သိရပါတယ်။ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး၊ ချယ်ဆီးအသင်းရဲ့အဓိက နောက်ခံ လူတစ်ဦးဖြစ်တဲ့ ဒေးဗစ်လူးဝစ်ဟာ ဒူးဒဏ်ရာကြောင့် အဆိုပါပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ်လို့ နည်းပြကွန်တီက အတည်ပြုခဲ့ပါတယ်။ အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ နောက်ခံလူဒေးဗစ် လူးဝစ်ဟာ ရိုးမားအသင်းကို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ချယ်ဆီးနည်းပြ ကွန်တီနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းရဲ့လူစာရင်းမှချန်လှပ်ခံနေရသူလည်းဖြစ်ပါတယ်
 
ဒေးဗစ်လူးဝစ် ဟာ ရိုးမားအသင်းနဲ့ပွဲစဉ်နောက်ပိုင်း အသင်းရဲ့ပွဲထွက်လူစာရင်းမှာ (၁) ကြိမ်သာပါဝင်ခဲ့ပြီး၊ ယခုအခါမှာလည်း ဒဏ်ရာကြောင့်အသင်းရဲ့ပွဲစဉ်တွေကို ထပ်မံလွဲချော်ဖွယ်ရှိနေပါတယ်။ဒေးဗစ်လူးဝစ်ကို လာလီဂါထိပ်သီးကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး၊ဇန်န၀ါရီအပြောင်းအရွှေ့ ကာလမှာ ကမ်းလှမ်းသွားဖို့ရှိနေတယ်လို့လည်း ပြည်ပမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ချယ်ဆီး အသင်းကတော့ ချန်ပီယံလိဂ်မှာ ရမှတ် (၁၀) မှတ်အထိရယူပြီး၊အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် ရှုံးထွက်အဆင့် ကိုတက်ရောက်ထားနိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
 
 
 

Related News