ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေအားလုံး ယှဉ်ပြိုင်ကစားပြီးအချိန်မှာတော့ အင်္ဂလန် ပရီးယားလိဂ်ကလပ်အသင်းအများစု အခြေအနေကောင်းခဲ့ပြီး အသင်းအားလုံး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ မန်ယူအသင်း က CSKA မော်စကိုအသင်းကို (၂)ဂိုး၊ (၁)ဂိုးနဲ့၊ လီဗာပူးလ်အသင်းက စပါးတပ်မော်စကိုအသင်းကို (၇)ဂိုး၊ဂိုးမရှိ၊ စပါးအသင်းက အေပိုးလ်အသင်းကို (၃)ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြပြီး ချဲလ်ဆီးအသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို (၁)ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
 
မန်စီးတီးအသင်း ကတော့ ရှက်တာဒိုးနက်အသင်း ကိုအဝေးကွင်းမှာ (၂)ဂိုး(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အုပ်စု(A)မှာ ရမှတ်(၁၅)မှတ်နဲ့ အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့သလို လီဗာပူးလ်အသင်းကအုပ်စု(E)မှာ ရမှတ် (၁၂)မှတ်၊ မန်စီးတီးအသင်းက အုပ်စု(F)မှာရမှတ်(၁၅)မှတ်၊ စပါးအသင်းကအုပ်စု(H)မှာရမှတ်(၁၆)မှတ်နဲ့ အုပ်စု ဗိုလ်အဖြစ် အသီးသီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကတော့ အုပ်စု(C)မှာရမှတ် (၁၁)မှတ်နဲ့အုပ်စုဒုတိယအဖြစ် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
 
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေအနေနဲ့ ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စု အဆင့်ပွဲစဉ်တွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ယခင်နှစ်တွေကအစဉ်အလာဆိုးတွေကို ပြန်လည်ချေဖျက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စပိန်လာလီဂါ အသင်းတွေသာ လွှမ်းမိုးမှုတွေရှိခဲ့ပေမယ့် ယခုနှစ် ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အင်္ဂလန်ပရီးမီးယား လိဂ်အသင်းတွေက ပိုမိုစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်နှစ်တွေကချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့ ပရီးမီးယားလိဂ်အသင်း(၄)သင်းမှာ (၃) သင်းသာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ၀င်ခွင့်ရရှိတဲ့အသင်း(၅)သင်းစလုံး နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။
 
 
 

Related News