(၂၀၁၇)ခုနှစ်အတွက်ပေးအပ်ချီးမြင့်ခဲ့တဲ့ ခရိုအေးရှား တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်လူမိုဒရစ်က ရရှိခဲ့ပါတယ်။ လူကာမိုဒရစ်ဟာ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်မှာ  ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ် ဖလားအပါအ၀င်၊ ဆုဖလား(၅)လုံးထိရယူနိုင်ခဲ့ပြီး ခရိုအေးရှားလက်ရွေးစင်အသင်း အတွက်လည်း (၂၀၁၈) ခုနှစ်ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ မိုဒရစ်အနေနဲ့ ကလပ်အသင်းအတွက် ရော၊ လက်ရွေးစင်အသင်းအတွက်ပါ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် (၂၀၁၇)ခုနှစ်ရဲ့ ခရိုအေးရှား တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
 
သူဟာ ဒီဆုကို ကစားသမား ဘ၀တစ်လျောက် (၆)ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး (၂၀၀၇)၊ (၂၀၀၈)၊ (၂၀၁၁)၊ (၂၀၁၄)နဲ့ (၂၀၁၆)ခုနှစ် တွေမှာ ရရှိထားတာဖြစ်ပါတယ်။ မိုဒရစ်ဟာ ခရိုအေးရှား တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို (၆)ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဆီဗီးလား၊ အာဆင်နယ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေမှာ ကစားခဲ့ ဖူးတဲ့ခရိုအေးရှားဂန္တ၀င်ကစားသမား ဆူကာ ရဲ့စံချိန်နဲ့တူညီတဲ့စံချိန်တစ်ခုကိုရရှိခဲ့ပါတယ်။ မိုဒရစ်အနေနဲ့  ခရို အေးရှားအကောင်းဆုံးကစားသမားဆုကို နောက်ဆုံး(၄)နှစ်အတွင်း (၃)ကြိမ်ရရှိခဲ့ခြင်းဖြစ်ပြီး၊ နောက်ဆုံး(၂)နှစ် ဆက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
 
 

Related News