မန်ယူအသင်းတောင်ပံကစားသမားလင်ဂတ်ဟာ လက်ရှိအချိန်မှာ အသင်းနဲ့ခြေစွမ်းပြ ကစားနေတဲ့က စားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက်ရမှတ်တွေရယူပေးနိုင်မယ့် သွင်းဂိုးတွေကို သွင်းယူပေးနေတာဖြစ်ပါတယ်။
 
လင်ဂတ်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီမှထွက်ပေါ်လာခဲ့တဲ့ တောင်ပံကစားသမားဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမန်ယူအသင်းရဲ့တိုက်စစ်မှာ ပွဲထွက်ခွင့်ပိုမိုရရှိလာတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ လက်ရှိ မန်ယူအသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်ကြတဲ့ အီဘရာဟီမိုဗစ်နဲ့ လူကာကူတို့ ရုန်းကန်နေရတဲ့အချိန်မှာ လင်ဂတ်၊ ရက်ဖို့ဒ်၊ မာရှယ်တို့လို ကစားသမားတွေဟာ အခွင့်အရေး ပိုမိုရရှိလာခဲ့တာ ဖြစ်ပါတယ်။ လင်ဂတ်ဟာ မန်ယူအသင်းနောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ တစ်ပွဲထက်တစ်ပွဲပိုမိုခြေစွမ်းပြနေပြီး အသင်းအတွက် လိုအပ်နေတဲ့အဖိုးတန်သွင်းဂိုးတွေကို သွင်းယူပေးနေတာ ဖြစ်ပါတယ်။
 
သူ့အနေနဲ့ မန်ယူအသင်းနောက်ဆုံးယှဉ် ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ သွင်းဂိုး(၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူသွင်းယူနိုင်ခဲ့တဲ့သွင်းဂိုးတွေ ဟာလည်း အသင်းအတွက်အဖိုးတန်တဲ့ချေပဂိုးနဲ့ အနိုင်ရလဒ်ပြတ်သားစေမယ့်သွင်းဂိုးတွေဖြစ်ခဲ့ပါတယ်။ ပရီးမီး ယားလိဂ်ပွဲစဉ်(၁၈)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ဝက်ဘရွန်းအသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုးကိုသွင်း ယူနိုင်ခဲ့ပြီး ပွဲစဉ်(၂၀)အဖြစ် ဘန်လေအသင်းနဲ့ပွဲစဉ်မှာလည်း မန်ယူအသင်းရရှိတဲ့ ချေပဂိုး(၂)ဂိုးစလုံးကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၂)မှာလည်း သွင်းဂိုးတစ်ဂိုးရယူပေး နိုင်ခဲ့သလို မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဒါဘီအသင်းနဲ့ င်္ဗ ဖလား တတိယအဆင့်ပွဲစဉ်မှာလည်း အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။   
 
 
 

Related News