ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချယ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲ ဆက်သရေကျခဲ့ပြီး အဲဒီ(၄)ပွဲမှာ သွင်းဂိုးက(၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၂)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ပွဲစဉ်မှာ လက်စတာအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရရှိအောင် ကစားနိုင်ခြင်းမရှိပဲ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ ယခုသရေကျမှုဟာ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်သရေကျတာအပါအ၀င် နောက်ဆုံး(၄)ပွဲဆက်တိုက် သရေရလဒ်တွေသာ ထွက်ပေါ်ထားပါတယ်။
 
ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ အချက်က နောက်ဆုံးကစားခဲ့တဲ့(၃)ပွဲမှာ ဂိုးလုံးဝသွင်းယူနိုင်ခြင်းမရှိပဲ သရေကျခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပွဲစဉ်(၂၁)အဖြစ် အာဆင်နယ်အသင်းနဲ့(၂)ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာသာ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောဝစ်ခ်ျအသင်းနဲ့သရေကျခဲ့တဲ့ FA ဖလားပွဲစဉ်၊ အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၊ လက်ရှိ လက်စတာအသင်းနဲ့ပွဲစဉ်တွေမှာပါ တိုက်စစ်က ဂိုးမသွင်းယူနိုင်ခဲ့ပဲဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ ယခုလိုချယ်ဆီးအသင်းက နောက်ဆုံး(၃)ပွဲဆက် ဂိုးမရှိသရေကျခဲ့တာဟာ ချယ်ဆီးအသင်းသမိုင်းတလျောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
 
 
 

Related News