မန်ယူအသင်းဟာ နည်းပြမော်ရင်ညိုရောက်ရှိလာပြီးနောက်ပိုင်းမှာ နာမည်ကြီးကစားသမား တွေကိုခေါ်ယူရာမှာပေးချေရလေ့ရှိတဲ့ အေးဂျင့်ခနဲ့ အထွေထွေစရိတ်တွေကို ပေးချေရာမှာအခြားသောအသင်းတွေလို လက်တွ့န်လေ့မရှိဘူးလို့သိရပါတယ်။မန်ယူအသင်းနည်းပြမော်ရင်ညိုဟာ စာချုပ်သက်တမ်း (၆)လသာကျန်ရှိတော့တဲ့ အာဆင်နယ်အသင်း တောင်ပံကစားသမားဆန်းချက်ဇ်ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပေါင် (၃၅) သန်းအပြင် အေးဂျင့်ခပေါင် (၅) သန်းပါပေးချေသွားဖို့ အတွက်စီစဉ်နေတာဖြစ်ပါတယ်။ဆန်းချက်ဇ်ကိုခေါ်ယူဖို့အတွက် ကာလရှည်ကြာပစ်မှတ်ထားနေခဲ့တဲ့မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်အတွက် အာဆင်နယ်အသင်းက သတ်မှတ်ထားခဲ့တဲ့ပြောင်းရွှေ့ကြေးအပြင် အေးဂျင့်ခတွေကိုပါ ပေးချေလိုခြင်းမရှိတာကြောင့် လက်လျှော့သွားခဲ့ပြီ ဖြစ်တယ်လို့ ပြည်ပမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

မန်ယူအသင်းဟာ ဆန်းချက်ဇ်ကိုပေါင် (၃၅) သန်းနဲ့ခေါ်ယူဖို့ကမ်းလှမ်းထားခဲ့ သလို၊လစာအနေနဲ့လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့လစာအများဆုံးကစားသမားဖြစ်တဲ့ ပေါ့ဘာရဲ့ တစ်ပတ်လုပ်ခပေါင်(၂) သိန်း (၉) သောင်းထက်ကျော်လွန်ပြီး၊ တစ်ပတ်လုပ်ခပေါင် (၃) သိန်းခွဲနဲ့ တစ်နှစ်ကိုပေါင် (၁၈)သန်းအထိပေးချေသွားဖို့အတွက်စီစဉ်နေခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယခင်ကလည်းနာမည်ကြီးကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဘာနဲ့ လူကာကူတို့ကိုခေါ်ယူခဲ့ရာမှာ အေးဂျင့်ခနဲ့ အထွေထွေစရိတ်တွေကိုပေး ချေခဲ့ရာမှာ များပြားမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆန်းချက်ဇ်ကိုခေါ်ယူဖို့အတွက် မန်စီးတီးအသင်းက လက်လျှော့သွားခဲ့ပြီဖြစ်ပေမယ့်လည်း ချယ်လ်ဆီးအသင်းက စိတ်ဝင်စားလာခဲ့တာကြောင့် ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာယခင်က ထက်ပိုမိုကြန့်ကြာသွားနိုင်တာ ဖြစ်ပါတယ်။

 

 

 

 

 

 

Related News