ဘာစီလိုနာအသင်းဟာ ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စ်ပန်ညိုအသင်းနဲ့ စပိန်ဘု ရင့်ဖလားကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ယခုနှစ်ဘောလုံးရာသီရဲ့ ပထမဦးဆုံးရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ အကောင်းမွန်ဆုံးခြေစွမ်းတွေရရှိနေတဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲစုံမှာ (၂၉) ပွဲဆက်ရှုံးပွဲမရှိကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်းဘာစီလိုနာအသင်းအနေနဲ့ ရှုံး ပွဲမရှိစံချိန်ကိုဆက်ထိန်းထားနိုင်ခြင်းမရှိပဲ ယနေ့မနက်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စ်ပန်ညိုအသင်းနဲ့ စပိန်ဘု ရင့်ဖလားကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ ယခုနှစ်ဘောလုံးရာသီရဲ့ ပထမဦးဆုံးရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရ ပါတယ်။
 
အဝေးကွင်းမှာလာရောက်ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ အက်စပန်ညိုအသင်းကို (၁) ဂိုး၊ ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ပြီး အက်စပန်ညိုအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ လူစားလဲဝင်ရောက် ကစားခဲ့တဲ့ကွင်းလယ်လူမီလန်နိုက ပွဲကစားချိန် (၈၈) မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ မက်ဆီအနေနဲ့ပွဲကစား ချိန် (၆၂) မိနစ်မှာ ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် ဘာစီလိုနာအ သင်းအတွက်နစ်နာခဲ့ရပါတယ်။ ယခုပွဲစဉ်ဟာဘာစီလိုနာအသင်းအတွက် ယခုနှစ်ဘောလုံးရာသီ ပထမဦးဆုံးရှုံး ပွဲဖြစ်ခဲ့သလို အသင်းနည်းပြဗယ်ဗာဒီအတွက်လည်း ဘာစီလိုနာနည်းပြဘ၀ပထမဦးဆုံးရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဗယ် ဗာဒီဟာဘာစီလိုနာအသင်းကို ပြိုင်ပွဲစုံ (၂၉) ပွဲဆက်ရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါရလဒ်ဟာ အသင်းရဲ့ဂန္တ၀င်နည်းပြတစ်ဦးဖြစ်တဲ့ ဂွါဒီယိုလာရဲ့ (၂၈) ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
 
 

Related News